အင်ဆူလင်ကို ထက်ဝက်ဈေး လျှော့ချမယ့် Lilly ကုမ္ပဏီ

နယူးယောက် မတ် ၆

အမေရိကန်အခြေစိုက် နာမည်ကျော် ဆေးထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Lilly ကုမ္ပဏီရဲ့ ပိုင်ရှင် အယ်လီ လီလီဟာ ဆီးချို၊ သွေးချို ကုသရာမှာသုံးတဲ့ အင်ဆူလင်ဆေးဝါးတွေကို ယခင် ထုတ်လုပ်ထားတဲ့ ဈေးထက် ထက်ဝက်သက်သာတဲ့ ဈေးနှုန်းနဲ့ ဗားရှင်းပြောင်းပြီး ထုတ်လုပ်သွားမယ်လို့ ကြေညာခဲ့ပါတယ်။

Lillyကုမ္ပဏီဟာ အမေရိကန်နိုင်ငံရဲ့ အဓိက ဆေးဝါးထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပြီးတော့ ဥရောပနိုင်ငံတွေကိုလည်း တင်ပို့လျက်ရှိပါတယ်။ ကုမ္ပဏီဘက်က ပြုလုပ်ခဲ့တဲ့ သုတေသနတွေနဲ့ တွေ့ရှိချက်တွေအရ အင်ဆူလင်တွေကိုအသုံးပြုဖို့ လိုအပ်နေသူတွေ များပြားနေပြီး ဈေးသက်သာဖို့ လိုအပ်နေတယ်လို့ ပြသနေတာကြောင့် ယခုလို့ ဈေးသက်သာတဲ့ ဆေးဝါးတွေကို ထုတ်တာဖြစ်ပါတယ်။

ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်မဲ့ ထုတ်ကုန်တွေကတော့ အင်ဆူလင် လစ်ပရိုလို့ အမည်ပေးထားပြီး ယခင်ထုတ်ကုန် ဟူမာလော့ရဲ့ ထက်ဝက်ဈေးသက်သာမှာဖြစ်ပါတယ်။ ဈေးသက်သာပေမဲ့ အရည်အသွေးနဲ့ ထိရောက်မှုတို့ကိုတော့ မလျှော့ချထားဘူးလို့ ကုမ္ပဏီဘက်က ပြောပါတယ်။

အခု ထုတ်ကုန်သစ်တွေကိုတော့ အမေရိကန်ဒေါ်လာ သန်း ၃၀၀၀တန်ဖိုးအထိ ရောင်းချသွားနိုင်မယ်လို့ မျှော်မှန်းထားကြောင်း သိရပါတယ်။

Lillyကုမ္ပဏီအပါအဝင် အခြား ကုမ္ပဏီတွေဖြစ်တဲ့ Gilead Sciences, Regeneron Pharmaceuticals နဲ့ Sanofi ကုမ္ပဏီတို့ကလည်း ယခင်နှစ်ကတည်းက ဆေးဝါးဈေးတွေနဲ့ပတ်သတ်ပြီး လျှော့ချပေးဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။ အမေရိကန်အစိုးရက ဆေးဝါးထုတ်ကုန်တွေကို နိုင်ငံတော် တင်ပို့ကုန်တွေအဖြစ် အလေးထားနေတာကြောင့် ဆေးဝါးတွေကို မည်သူမဆို လက်လမ်းမီပြီး ရောင်းအားမြှင့်တင်နိုင်တဲ့ ဈေးနဲ့ ဖြန့်ချိဖို့ လုပ်ဆောင်နေကြတာပဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၅နှစ်အတွင်းမှာ အမေရိကန်နိုင်ငံ အခြေစိုက်ဆေးဝါးထုတ်ကုန်တွေထဲမှာ အင်ဆူလင်က အရောင်းရဆုံးဆေးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လူထုအတွက် ဆေးဝါးတွေကို သက်သာအောင်ဆောင်ရွက်ပေးဖို့ လိုပြီလို့ ကုမ္ပဏီတွေက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အင်ဆူလင် လစ်ပရိုကိုတော့ အမေရိကန်နိုင်ငံတွင်းမှာ ၁၃၇ ဒေါ်လာနဲ့ ဖြန့်ချီလျက်ရှိပြီး ဆေးဝါးနဲ့ပတ်သတ်တဲ့ အာမခံချက်နဲ့ ဝန်ဆောင်မှုတွေကိုပါ တိုးမြှင့်ထားတယ်လို့ သိရပါတယ်။

CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.