ဂျကာတာ ဇွန် ၁၃

အင်ဒိုနီးရှားနိုင်ငံအလယ်ပိုင်း ဆူလာဝေစီပြည်နယ်၏အရှေ့တောင်ဘက်တွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများက အပြင်းအထန်ရိုက်ခတ်ခဲ့ရာ ပြည်သူအများအပြား နေအိမ် စွန့်ခွာမှုနှင့် အခြေခံအဆောက်အုံများ ပျက်စီးဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း အင်ဒိုနီးရှား အမျိုးသားဘေးအ္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။


ပြီးခဲ့သည့် သီတင်းပတ်က အင်ဒိုနီးရှားနိုင်ငံ အလယ်ပိုင်းတွင်ဖြစ်ပွားသည့် မိုးသည်းထန်စွာရွာသွန်းမှု ကြောင့် လူနေအိမ် ၂၀၂ လုံးမျောပါသွားပြီး တံတား လေးစင်းနှင့် ကားလမ်းကိုလည်း ဖျက်ဆီးခဲ့သည့်အပြင် စပါးစိုက်ခင်း ၉၇၀ ဒသမ ၃ ဟက်တာနှင့် ငါးမွေးမြူရေးကန် ၄၂၀ ဟက်တာကိုလည်း ရေလွှမ်းမိုးခဲ့၍ ဒေသတွင်း ကြီးမားသောစီးပွားရေးဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။

ရေဘေးသင့်ပြည်သူများအတွက် အကူအညီများ ဖြန့်ဖြူးပေးခြင်း၊ နေထိုင်စရာ ရွက်ဖျင်တဲများဖန်တီးပေးခြင်း ဆေးဝါးအကူအညီနှင့် အခြားသောအကူအညီများ အပါအဝင် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ရှိသူများက ကြိုးပမ်းလုပ်ဆောင်လျက်ရှိသော် လည်း ရေစီးကြမ်းတမ်းမှုကြောင့် ကျေးရွာသုံးရွာတွင် နေထိုင်သောပြည်သူများအတွက် အကူအညီများဖြန့်ဖြူး ပေးရေးလုပ်ငန်းကို အခက်အခဲဖြစ်စေခဲ့ကြောင်း သိရ သည်။

ကားလမ်းများပျက်စီးမှုနှင့် ဆက်သွယ်ရေးစနစ်များ ပြတ်တောက်မှုများက ရေဘေးသင့် ပြည်သူများအတွက် အကူအညီများ ဖြန့်ဖြူးပေးမှုကို နှောင့်နှေးကြန့်ကြာစေခဲ့ခြင်းြဖစ်ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် က ဆိုသည်။

သို့သော် အင်ဒိုနီးရှားအစိုးရသည် ရေဘေးသင့် ပြည်သူများ၏ အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းပေးရန် ရဟတ်ယာဉ်တစ်စင်းနှင့် လေယာဉ်တစ်စင်းကို ရေဘေးသင့်ဒေသသို့ စေလွှတ်ထားကြောင်း သိရသည်။

ဆေးဘက်ဝန်ဆောင်မှုများ၊ အစားအစာ၊ ကလေးအစား အစာ၊ ရွက်ဖျင်တဲများ၊ မွေ့ရာများသည် ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ်လိုအပ်သည့် အရာများ ထဲတွင်ပါဝင်ကြောင်း အမျိုးသားဘေးအ္တရာယ် စီမံ ခန့်ခွဲရေးအေဂျင်စီက ပြောသည်။

Ref: Bangkok Post

Leave a Reply