ဂျာကာတာ
မတ်လ ၁၈ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံအတွင်း COVID-19 ကြောင့် သေဆုံးမှုအသစ် ၁၄ ခုထိ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၉ ဦးထိရှိပြီဖြစ်သည်။ ၎င်းသည်နိုင်ငံ၏ တစ်နေ့တာအတွင်း သေဆုံးမှုအနက်အများဆုံးဖြစ်သည်။
COVID-19 ကူးစက်ရောဂါဆိုင်ရာ အစိုးရပြောရေးဆိုခွင့်ရှိသူ အာမတ်ယူရီရန်တိုက မတ်လ ၁၈ ရက်၊ ညနေ ၁၂ နာရီအထိ သေဆုံးသူပေါင်း ၁၉ ဦးရှိပြီးဟုဆိုသည်။
ဗုဒ္ဓဟူးနေ့အထိ COVID-19 ကူးစက်ခံရသူ ၂၂၇ဦး ဆေးရုံတင်ထားရပြီး ၎င်းတို့ထဲမှရောဂါသက်သာ ၁၁ဦးမှာ ဆေးရုံးကဆင်းနိုင်ပြီးဖြစ်ကြောင်း အာမတ်ယူရီရန်တိုကဆိုသည်။
CNN