Advertisements

ဂျကာတာ မေ ၂၂

အင်ဒိုနီးရှားနိုင်ငံ ရွေးကောက်ပွဲရလဒ်များ မေ ၂၁ ရက်တွင် ကြေညာပြီးနောက် အတိုက်အခံခေါင်းဆောင် ပရာဘိုဝို ဆူဘီယန်တို က သမ္မတ ဂျိုကိုဝီဒိုဒို အနိုင်ရရှိမှုကိုပယ်ချခဲ့ရာ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ကြောင်း အတိုက်အခံခေါင်းဆောင်အား ထောက်ခံကြ သည့် ပြည်သူများက ဆန္ဒပြ ကန့်ကွက်ခဲ့ကြသည်။

ရွေးကောက်ပွဲကော်မရှင်ရုံးရှေ့တွင် စုဝေးကာ ရွေးကောက်ပွဲရလဒ်ထွက်ပေါ်မှုကို ကျေနပ်မှုမရှိကြောင်း ဆန္ဒထုတ်ဖော်လျက်ရှိသည်။

ထို့နောက် မေ ၂၁ ရက် ညပိုင်းတွင် ဆန္ဒထုတ်ဖော်မှုမှ လူထုအုံကြွမှုအသွင် ပြောင်းလဲကာ ဆန္ဒထုတ်ဖော်သူများနှင့် လုံခြုံရေးအရာရှိ များအကြား အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး လူခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သမ္မတ ဂျိုကိုဝီဒိုဒိုက နိုင်ငံတော်၏အချုပ်အခြာ အာဏာကို ထိပါးနှောင့်ယှက်သူ မည်သူမဆို သည်းခံ မည်မဟုတ်ကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။ ကာကွယ်ရေးတပ်ဖွဲ့နှင့် ရဲအရာရှိများက ပြစ်မှုကျူးလွန်သူ များကို တည်ဆဲဥပဒေအရ ဖမ်းဆီးထိန်းသိမ်းထားမည် ဖြစ်ကြောင်း သမ္မတ ဂျိုကိုဝီဒိုဒိုက ဆက်လက်ပြောကြားခဲ့ သည်။

သမ္မတ ဂျိုကိုဝီဒိုဒိုက ထောက်ခံမဲ ၅၅ ရာခိုင်နှုန်းနှင့် အတိုက်အခံခေါင်းဆောင် ပရာဘိုဝို ဆူဘီယန်တိုက ၄၄ ရာခိုင်နှုန်းရရှိခဲ့ကြသည်။ ပရာဘိုဝို ဆူဘီယန်တိုက ရွေးကောက်ပွဲရလဒ်များကို တရားမျှတစွာဆုံးဖြတ်ပေးရန် တရားရုံးသို့ ဦးတိုက် လျှောက်ထားမည်ဖြစ်သည်။

ယခု ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲသည် ပွင့်လင်းမြင်သာမှုရှိပြီး မှန်ကန်မှုရှိသည်ဟု နိုင်ငံ၏ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့က ထောက်ခံ ပြောကြားခဲ့ကြောင်း သိရသည်။

ဆန္ဒထုတ်ဖော်သူအချို့က ရွေးကောက်ပွဲကော်မရှင် ရုံးအနီး လုံခြုံရေးတာဝန်ယူထားကြသည့် လုံခြုံရေးအရာရှိ များကို မီးရှူးမီးပန်းများ၊ ကျောက်ခဲများဖြင့် ပစ်ပေါက် ခဲ့ကြသည်။

ရဲကားများအပါအဝင် မော်တော်ယာဉ်များကို မီးရှို့ ဖျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့သည်။ လက်ရှိအချိန်တွင် အာဏာပိုင်များက မင်းမဲ့စရိုက်ဆန်ဆန်ပြုမူခဲ့ကြသူ ၇၀ နီးပါးကို ဖမ်းဆီးထားကြောင်း သိရသည်။

အမေရိကန်၊ ဗြိတိန်နှင့် ဂျပန်နိုင်ငံတို့က အင်ဒိုနီးရှားနိုင်ငံအတွင်း အလည်အပတ်ရောက်ရှိနေသော ၎င်းတို့၏ နိုင်ငံသားများ အား အဆိုပါအြွုံကမှုတွင် ပါဝင်မှုမရှိစေရန် သတိပေး ပြောကြားထားသည်။

အာဏာပိုင်များကလည်း ယခုလူထုအြွုံကမှုနှင့် ပတ်သက်ပြီး အွန်လိုင်းစာမျက်နှာများတွင် သတင်းအမှား များ ဖြန့်ခြင်းမပြုကြရန် မီဒီယာသို့ ပြောကြားခဲ့ကြောင်း သိရသည်။

အဓိကရုဏ်းဖြစ်ပွားမှုကြောင့် သေနတ်ဒဏ်ရာရရှိသူ များအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူ ၂၀ဝ ခန့်ရှိကြောင်း ဂျကာတာမြို့တော် အုပ်ချုပ်ရေးမှူး အန်နီးစ်ဘာဆူဒန်က ဆိုသည်။

မေ ၂၂ ရက်တွင် အတိုက်အခံခေါင်းဆောင် ပရာဘိုဝို ဆူဘီယန်တိုက မင်းမဲ့စရိုက်ဆန်ဆန်ပြုမူမှုများ နှင့် အဓိကရုဏ်းဖြစ်ပွားမှုများကို ရပ်တန့်ကြရန် ထောက်ခံသူပြည်သူများအား တိုက်တွန်းခဲ့သည်။

Ref: NHK

Advertisements
<

Leave a Reply