Advertisements

ဂျကာတာ မေ ၂၃

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် ယခုနှစ်အတွင်း ကျင်းပခဲ့သည့် အင်ဒိုနီးရှား သမ္မတရွေးကောက်ပွဲတွင် ထပ်မံအနိုင်ရရှိခဲ့ကြောင်း မေလ ၂၁ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဂျိုကိုဝီဒိုဒိုသည် မဲရလဒ် ၄၄ ဒသမ ၅ ရာခိုင်နှုန်းရရှိခဲ့သည့် အဓိကပြိုင်ဘက် ကြည်းတပ်ဗိုလ်ချုပ် ကြီးဟောင်း ပရာဝီဘိုဆူဘီယန်တိုအား မဲရလဒ် ၅၅ ဒသမ ၅ ရာခိုင်နှုန်း ဖြင့် အနိုင်ရရှိကာ သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံခဲ့ရကြောင်း အင်ဒိုနီးရှားရွေးကောက်ပွဲ ကော်မရှင် (KPU) က တရားဝင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Advertisements
data-language="en"

နိုင်ငံတစ်ဝန်းရှိ ပြည်နယ် ၃၄ ခုနှင့် ပြည်ပနိုင်ငံများရှိ မြို့တော် ၁၃၀ မှ မဲရုံများအားလုံးရှိ ဆန္ဒမဲများကို အင်ဒိုနီးရှားရွေးကောက်ပွဲ ကော်မရှင် (KPU) က ရေတွက်မှုများ ပြုလုပ်ပြီးနောက် ဂျိုကိုဝီဒိုဒို၏ အောင်ပွဲကို ယနေ့ နံနက် ၁ နာရီ ၄၆ မိနစ်တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

၂၀၁၉ ခုနှစ် ရွေးကောက်ပွဲတွင် သမ္မတ၊ ဒုတိယသမ္မတ၊ ဗဟို လွှတ်တော်အဖွဲ့ဝင်များ၊ ဒေသဆိုင်ရာကိုယ်စားလှယ်များ၊ ပြည်နယ် လွှတ်တော်အဖွဲ့ဝင်များ၊ မြူနီစီပယ်လွှတ်တော်အဖွဲ့ဝင်များ၏ ရွေးကောက်ပွဲရလဒ်များအပေါ် အင်ဒိုနီးရှားရွေးကောက်ပွဲကော်မရှင် (KPU) ၏ အပြီးသတ် ဆုံးဖြတ်ချက်ကို မိမိကြေညာကြောင်း အင်ဒို နီးရှား ရွေးကောက်ပွဲကော်မရှင် (KPU) ဥက္ကဋ္ဌ အရစ်ဖ်ဘူဒီမန်းက ပြောကြားသည်။

ဂျိုကိုဝီဒိုဒိုသည် မဲဆန္ဒရှင် ၈၅ ဒသမ ၆ သန်း၏ ဆန္ဒမဲများကို ရရှိခဲ့ပြီး ၎င်းနှင့်တွဲဖက်၍ ဒုတိယသမ္မတနေရာအတွက် အရွေးခံသူ Ma’ruf Amin နှင့်အတူ ၂၀၂၄ ခုနှစ်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရတော့မည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် ဒုတိယသမ္မတလောင်းအဖြစ် အရွေးခံသူ ငယ်ရွယ်သော စီးပွားရေး လုပ်ငန်းရှင် ဆန်ဒီယာဂါအူနိုနှင့်အတူ ယှဉ်ပြိုင်ခဲ့သည့် ပရာဝီဘိုဆူဘီ ယန်တိုက မဲဆန္ဒရှင် ၆၈ ဒသမ ၆ သန်း၏ ဆန္ဒမဲများကို ရရှိခဲ့ကြောင်း အင်ဒိုနီးရှား ရွေးကောက်ပွဲကော်မရှင် (KPU) က ဆိုသည်။

Ref: Bangkok Post

Leave a Reply