(ဓာတ်ပုံများ၊ ICRC Myanmar)

Myanmar Now
1.4.2019

အကျဉ်းသားဦးရေ ၁၂၀၀၀ ခန့်ရှိသော ရန်ကုန်မြို.ရှိ အင်းစိန်အကျဉ်းထောင်တွင် ကမ္ဘာ့ကြက်ခြေနီအဖွဲ. (ICRC) ကဆောက်လုပ်နေသော ထောင်ဝင်စာအခန်းသစ်ကို လာမည့်မေလတွင် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်းသိရှိရသည်။

ယခင်ကထောင်ဝင်စာခန်းတွင် မိသားစုဝင်များနှင့် အကျဉ်းသား၊အကျဉ်းသူများ သံဆန်ကာခံနေ၍ တစ်ဦးနှင့်တစ်ဦးမျက်နှာကိုကောင်းမွန်စွာမမြင်ရသောကြောင့် ယခုအဆောက်အဦးသစ်တွင်မူ တစ်ဦးနှင့်တစ်ဦးရှင်းလင်းစွာမြင်တွေ.နိုင်ရန် မှန်ကာရံထားသည်ကို ICRC ကထုတ်ပြန်လိုုက်သော ဓာတ်ပုံများအရတွေ.ရှိရသည်။

ယခုအဆောက်အဦးသစ်တွင် ထောင်ဝင်စာတွေ.သည့်မိသားစုများ ကြာမြင့်စွာမစောင့်ဆိုင်းစေရန် ဧည့်တွေ.စာရင်းပေးရာတွင် ကွန်ပြူတာစနစ်အသုံးပြုသွားမည်ဖြစ်ကြောင်း ICRC ၏ယနေ့ထုတ်ပြန်ချက်အရသိရှိရသည်။

(ဓာတ်ပုံများ၊ ICRC Myanmar)

Leave a Reply