မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကြက်သွန်ကုန်းရှိတည်ဆောက်ပြီးစီးသည့်အငှားအိမ်ရာ ၆၄ခန်းကို လျှောက်လွှာတင်ထားသည့် ဝန်ထမ်းစုစုပေါင်း၈၀၃ဦးအား သြဂုတ်လ ၉ရက်နေ့တွင် ပြည်နယ်ခန်းမ၌ မဲဖောက်ပေးမည်ဖြစ်ကြောင်းမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ်ညွှန်ကြားရေးမှူးဦးသင်ဇော်မိုးကဟင်္သာမီဒီယာသို့ ပြောဆိုသည်။

aaaaa

အဆိုပါအငှားအိမ်ရာများကိုလုပ်သက်(၂၅)နှစ်အထက်ရှိပြီးအသက် ၅၅နှစ်အထက်ရှိသူလက်ရှိတာဝန်ထမ်းဆောင်လျက်ရှိသူများကိုမဲစနစ်ဖြင့်ရွေးချယ်ပေးသွားမည်ဖြစ်ကြောင်း၎င်းကပြောဆိုသည်။

“မဲပေါက်တဲ့သူများအနေနဲ့တိုက်ခန်းစာချုပ်များချုပ်ဆိုပြီးပါကတိုက်ခန်းငှားခစပေါ်ငွေ ၉ သောင်းကျပ် ပေးသွင်းကာတက်ရောက်နေထိုင်နိုင်မှာဖြစ်ပါတယ် အငှားအိ်မ်ရာဖြစ်တဲ့အတွက် တစ်လလျှင် ကျပ်သုံးသောင်းပေးသွင်းရမှာဖြစ်ပါတယ်၊စပေါ်ငွေကိုလည်းသူတို့မနေထိုင်တော့တဲ့အခါမှာ ပြန်လည်ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်”ဟုဦးသင်ဇော်မိုးကရှင်းပြသည်။

အငှားအိမ်ရာဖြစ်သည့်အတွက် အဆိုပါအိမ်ခန်းများကိုလက်ပြောင်းလက်လွှဲဖြင့်ပြန်လည်ရောင်းချခြင်းများတခြားလူအားပေးထားရှိခြင်းများကိုခွင့်ပြုမှာမဟုတ်ကြောင်း၎င်းကပြောကြားသည်။
အဆိုပါ ကြက်သွန်ကုန်းအငှားအိမ်ရာများကိုယခင်စိုးရလက်ထက် ပြည်ထောင်စုရန်ပုံငွေ တစ်ဘီလီယံအကုန်အကျခံကာဆောက်လုပ်ထားခြင်းဖြစ်ကြောင်းကိုလည်း ၎င်းထံမှ သိရသည်။

Leave a Reply