Advertisements

မော်လမြိုင်၊ အောက်တိုဘာလ ၄

မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဖြေဆိုရန်အချိန်မမှီဟုဆိုကာ မွန်ပြည်နယ်လွှတ်တော် ၁၄ကြိမ်မြောက်ပုံမှန်အစည်းအဝေးအတွင်း ဖြေဆိုရန်ကျန်ရှိသည့် မေးခွန်း၂၁ခုကို အောက်တိုဘာ၇ရက်နေ့တွင် စပြီး ဖြေဆိုသွားမှာဖြစ်သည်ဟု မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဒေါ်တင်အိက ပြောကြားသည်။

အောက်တိုဘာလ၂ ရက်နေ့က ကျင်းပသော ဒုတိယအကြိမ်မွန်ပြည်နယ်လွှတ်တော် ၁၄ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့အပြီးတွင် သတင်းမီဒီယာများကိုပြောကြားခဲ့ခြင်းဖြစ်သည်။

Advertisements
data-language="en"

“စက်တင်ဘာ၂၅ရက်နေ့က အစိုးရကိုစာပို့လိုက်တယ် အစိုးရအနေနဲ့ ဘယ်မေးခွန်းကို ဘယ်နေ့မှာဖြေနိုင်မလဲ အကြောင်းပြန်ပါဆိုပြီး ပို့လိုက်တယ် မေးခွန်းဖြေနိုင်မယ့်ရက်ပို့ပြီးမှ ကျွန်မတို့အစီအစဉ်ထဲမှာ ထည့်နိုင်မယ်ဆိုပြီး စာပို့လိုက်တယ် စက်တင်ဘာ၃၀ရက်ရက်စွဲနဲ့ အောက်တိုဘာ၇ရက်နေ့မှစပြီး ပြန်လည်ဖြေကြားပေးမယ့် ညှိနှိုင်းစာရောက်ပါတယ်” ဟု ဒေါ်တင်အိကဆိုသည်။

အစိုးရအဖွဲ့အနေဖြင့် မေးခွန်းပြန်လည်ဖြေဆိုပေးမည့်အပေါ် ချောင်းဆုံမြို့နယ် မဲဆန္ဒနယ်အမှတ်၂ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက “တကယ်ဆိုရင် ကိုယ်စားလှယ်အဖွဲ့က မေးလိုက်တဲ့မေးခွန်းတွေက အစိုးရကမဖြေဘူးဆိုရင် ကိုယ်စားလှယ်တွေရဲ့ အခွင့်အရေးတွေကို ဆုံးရှုံးစေတယ်လေ ပြန်ဖြေပေးမယ်ဆိုတော့ ကိုယ်စားလှယ်အခွင့်အရေး ပြန်လည်ရရှိတာပေါ့ “ဟု မှတ်ချက်ပြုသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့က စက်တင်ဘာလ ၁၇ရက်နေ့ရက်စွဲဖြင့် သက်ဆိုင်ရာဌာနများအနေဖြင့် မေးခွန်းနှင့် အဖြေများ ဖြေဆိုရန် အချိန်မလုံလောက်သဖြင့် နောက်တစ်ကြိမ်လွှတ်တော်အစည်းအဝေးတွင်သာ ဖြေဆိုနိုင်မည်ဖြစ်ကြောင်း လွှတ်တော်သို့ အကြောင်းပြန်ခဲ့သည်။

ယင်းအကြောင်းပြန်မှုအပေါ်တွင် စက်တင်ဘာလ ၁၈ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်မှ ကျန်ရှိသည့် မေးခွန်း၂၄ ခုကို စက်တင်ဘာလ ၃၀တွင် ရက်ပြောင်းရွေ့ပေးမည်ဖြစ်ကြောင်း စာပြန်ခဲ့သော်လည်း စက်တင်ဘာလ ၂၄ရက်တွင် နောက်တစ်ကြိမ်လွှတ်တော်တွင်သာ ဖြေဆိုနိုင်မည်ဖြစ်ကြောင်းသာ အကြောင်းပြန်ခဲ့သည်။

ရန်လင်းအောင်

Leave a Reply