( ဓါတ်ပုံ အညွန်း – မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ် ၊ကော့ပနောကျေးရွာတွင် ဆောက်လုပ်လည်ပတ်နေသည့် MCL (Mawlamyine Cement Limited )ဘိလပ်မြေစက်ရုံ )

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၁၁ ။ ။ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ပနောကျေးရွာတွင် ဆောက်လုပ်နေသော MCL (Mawlamyine Cement Limited) ဘိလပ်မြေစက်ရုံကို အစိုးရက လျှပ်စစ်ဓာတ်အား သုံးစွဲခွင့် မပေးသောကြောင့် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက် ပြီး စက်ရုံလည်ပတ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း MCL စက်ရုံအုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ ဝီဂျစ်ထီရာစာယွန်က ပြောကြားသည်။

( ဓါတ်ပုံ အညွန်း  – မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ် ၊ကော့ပနောကျေးရွာတွင် ဆောက်လုပ်လည်ပတ်နေသည့် MCL (Mawlamyine Cement Limited )ဘိလပ်မြေစက်ရုံ )
( ဓါတ်ပုံ အညွန်း – မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ် ၊ကော့ပနောကျေးရွာတွင် ဆောက်လုပ်လည်ပတ်နေသည့် MCL (Mawlamyine Cement Limited )ဘိလပ်မြေစက်ရုံ )
“စက်ရုံလည်ပတ်ဖို့အတွက်လျှပ်စစ်ဓာတ်အားကို အစိုးရဆီက လျှပ်စစ်ဓာတ်အား သို့မဟုတ် ဂတ်စ်မှတစ်ဆင့်ရဖို့ အခက်အခဲရှိတော့ ရွေးချယ်စရာမရှိသည့်အတွက် ကျောက်မီးသွေးကိုပဲရွေးချယ်ရတာဖြစ်ပါတယ်” ဟု MCL ဘိလပ်မြေစက်ရုံ၏ အုပ်ချုပ်မှုဒါရိုက်တာ မစ္စတာ ဝီဂျစ်ထီရာစာယွန်က ပြောသည်။

အစိုးရ ထံမှ လျှပ်စစ်ဓာတ်အားအသုံးပြုခွင့်ကို ကနဦး တောင်းဆိုခဲ့သော်လည်း အဆင်မပြေမှုများရှိသည့် အတွက် အစိုးရက ကျောက်မီးသွေးကိုသာ အသုံပြုရန် ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၄င်းကပြောသည်။

အဆိုပါ ကျောက်မီးသွေးအသုုံးပြု၍ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု များစွာဖြစ်နိုင်သည်ဟုဆိုကာ စက်ရုံ အနီးအနားရှိ ကျေးရွာများက ကန့်ကွက်မှုများရှိကြောင်း ကျိုက်မရော မြို့နယ် အရပ်ဖက်အဖွဲ့အစည်းကွန်ရက်မှ ညှိနှိုင်းရေးမှူး ကိုဘိုဘိုဝင်းက ပြောသည်။

“ဒီစက်ရုံက ပြည်ထောင်စုနဲ့ ချိတ်ဆက်ပြီးလုပ်ခဲ့တာလို့သိတယ်၊ လျှပ်စစ်မီးနဲ့ပတ်သက်ပြီး ပြည်နယ် အစိုးရကို ကမ်းလှမ်းလာတာမျိုးလည်းမရှိဘူး၊ ကန့်ကွက်မှုတွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်လာမယ်ဆိုရင်လည်း ကုမ္ပဏီ ကပဲ ဖြေရှင်းပေးရမှာပါ၊”ဟု မွန်ပြည်နယ် လျှပ်စစ်ဝန်ကြီး နိုင်လဝီအောင်က ဟင်္သာမီဒီယာ သို့ပြောသည်။

ရေးမြို့နယ် အံဒင်ကျေးရွာ ကျောက်မီးသွေးစက်ရုံကို ဒေသခံပြည်သူများက ဆန္ဒပြကန့်ကွက်ခဲ့ကြပြီး မော်လမြိုင်စက်မှုဇုန်တွင်လည်ပတ်နေသည့် ခနောက်စိမ်းစက်ရုံကို ကျောက်မီးသွေးအသုံးပြုကာ လည်ပတ်မည့် အစီအစဉ်ကို ဒေသခံပြည်သူများက စိုးရိမ်ကာ ကန့်ကွက်ခဲ့ခြင်းများလည်းရှိခဲ့ကြောင်း အဆိုပါ ဒေသခံများထံ မှသိရသည်။

Leave a Reply