အစိုးရ သစ်အပြောင်း အလဲ နှင့် အတူ မြန်မာ တစ်နိုင်ငံ လုံး စီးပွားရေး လေးအီ နေသည် ။ ထို အတူ မွန်ပြည်နယ် ၏ စီးပွားရေး လုပ်ငန်းများ သည် လည်း ငြိမ်ချက်သား ကောင်း နေပေသည်။ စီပွားရေး လုပ်ငန်း ရှင် များက မှု အစိုးရ သစ် ၏ စီးပွားရေး မှုဝါဒ အပြောင်း အလဲ ကို စောင့်ကြည် နေသည် ဟုဆိုသည်။

editor copy

ပြည်ထောင်စု အစိုးရ က ချမှတ်သည့် ရက်တစ်ရာ စီမံကိန်း တွင် လည်း နိုင်ငံရေး ၊ ငြိမ်းချမ်းရေး ၊ တရား ဥပဒေ စိုး မိုးရေး ကိစ္စ များ ပါဝင်သော်လည်း စီးပွားရေး ပြုပြင်ပြောင်းလဲ မှု ကိစ္စ မှာ မပါဝင်ပေ ။ မွန်ပြည်နယ် ၏ ရက် တစ် ရာ စီမံကိန်း တွင် လည်း စီပွားရေး စီမံကိန်း ကား နတ္ထိ ပေ ။

အစိုးရ သစ်သက်တမ်း ရက်တစ်ရာ ပင်ကျော် လာသော်လည်း စီပွားရေး ပြုပြင်ပြောင်းလဲ မှု နှင့် ပတ်သက် ပြီး ငြိမ် သက်နေဆဲ ဖြစ်သည်။
စီးပွားရေး လုပ်ငန်း ရှင် များ နှင့် လူထု ကမှု အစိုးရသစ် ၏ စီးပွားရေး ဆိုင်ရာ မှုဝါဒများကို စောင့်ဆိုင်း နေပေသည်။

အနောက် တိုင်း နိုင်ငံရေး သိပ္ပံ ပညာရှင် များ ၏ အဆို အရ နိုင်ငံ ပြန်လည် တည်ဆောက်ရေး သည် Macro စီးပွားရေး (နိုင်ငံရေး ဘောဂဗေဒ) တည်ရေး ကို တည်ဆောက် ရခြင်း ဖြစ်သည်ဟုဆိုသည်။

ယခင် အစိုးရ အဆက်ဆက် သည် လည်း နိုင်ငံ ၏ Macro စီးပွားရေး ကို ကောင်း မွန်စွာတည်ဆောက် ပေးခဲ့ခြင်း မရှိပေ။

Macro စီးပွားရေး အဆိုသည် နိုင်ငံ၏ ကုန်လုပ်စွမ်း အားစုများ ကို အများပြည်သူ အညီအမျှ ခွဲဝေ ယူနိုင်ရန် မှုဝါဒ စီမံပေးရခြင်း၊ စီးပွားရေး Institution ခေါ် ရင်းနှီး မြုပ် နှံမှုဆိုင်ရာ ဥပဒေများ ၊နည်းဥပဒေ များ ရေးဆွဲ ပေးရခြင်း ၊ ထိုဥပဒေ နှင့် အတူ လွတ်လပ်သော စီးပွားရေး သင်းပင်းများ ပေါ်ပေါက်လာ စေရေးနှင့် ငွေကြေးမှုဝါဒ များ တည်ငြိမ် စေရေး ဆောင်ရွက် ပေးရန် လိုအပ်ပေသည်။

မြန်မာ နိုင်ငံ ၏ စီးပွားရေး မှုဝါ ဒများ ၊အသင်းပင်းများ ၊ငွေကြေးမှုဝါဒများ သည် တပ်မတော် အစိုးရ ရေးဆွဲထားသည်များ ကို အခြေခံ ၍ ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံဖြိုးရေး ပါတီ က ပြန်လည် ရေး ဆွဲထားခြင်း သာဖြစ်သည်။

ထိုမှုဝါဒအများ စု မှာ အစိုးရ က တစ်စုံ တစ်ရာ လွမ်း မိုး ထားရှိ သည်။ထို့ကြောင့် စီးပွားရေး ပညာ ရှင်များ၊ စီးပွားရေး လုပ်ငန်းများ ၊ အစိုးရ တာဝန်ရှိ သူများ ၊ အများပြည်သူ လေးစား ရသော လွတ်လပ်သည့် ကိုယ်စား လှယ်များ ပါဝင် ၍ ပြန်လည် ရေးဆွဲ ရမည် ဖြစ်သည်။

ယခင် အစိုးရ ဖွဲ့စည်း ပေးသော စီးပွားရေး အဖွဲ့ အစည်းများ ကိုလည်း စီးပွားရေး ပညာ ရှင်များ၊ စီးပွားရေး လုပ်ငန်းများ ၊ အစိုးရ တာဝန်ရှိ သူများ ပါဝင် ၍ လွပ် လပ်သော အဖွဲ့ အစည်း များ အဖြစ် ပြန်လည် ဖွဲ့စည်း သင့်ပေသည် ။

ထို့မှ သာ အစိုးရ အနေနှင့် အားနည်း ယိုင်နဲ့ နေသော မြန်မာ နိုင်ငံ ၏ စီးပွားရေး ကို ပြန်လည် အသက် သွင်း ရာ ရောက်မည် ဖြစ်ပါကြောင်း တိုက်တွန်း လိုက်ရပါသည်။

အယ်ဒီတာ
(၂၂.၇. ၂၀၁၆)

Leave a Reply