မော်လမြိုင်၊ မတ်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်း ကျေးရွာရှိ ပျက်စီးနေသည့်ပန်းခြံကို အစိုးရဘတ်ဂျက် မရသော်လည်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်းယင်း ပန်း ခြံပြန်လည်ပြုပြင် ေရးအဖွဲ့ ဦးဆောင်သူ ဦးနိုင်ထူးအောင်က ဟင်္သာမီဒီယာသို့ ပြောသည်။

“ကျွန်တော်တို့ မြို့မိမြို့ဖတွေကို ခေါ်ပြီးတော့ တိုင်ပင်တယ်။ ဒီပန်းခြံကို ကိုယ်ထူကိုယ်ထ ပြန်လည်ပြုပြင်ဖို့ အတွက် အစိုးရဘက်ဂျက်မရှိတော့ဘူးဆိုတော့ ကိုယ်ထူကိုယ်ထရသလောက် ငွေနဲ့ ပြုပြင်သွားမယ်။ ပြုပြင်မှုကတော့ ဇန်နဝါရီ တတိယအပတ်က လုပ်ငန်းတွေ စလုပ်နေတယ်” ဟု၎င်းက ဆိုသည်။

အဆိုပါပန်းခြံကို ရန်ကုန်မော်လမြိုင်ရထားလမ်းအနီးတွင် ၁၉၉၀ ခုနှစ်ခန့်က အများပြည်သူအပန်းဖြေရန် ပြည်သူ့သည်။

တောင်စွန်းကျေးရွာခံတစ်ဦးက“ပျက်စီးနေတာလည်း ကြာပြီဆိုတော့ ကိုယ့်ရွာကလည်းတောဖြစ်နေတော့ ကလေးတွေက ဘယ်မှမသွားရဘူး။ အခုပြုပြင်လိုက်တော့ ကလေးကစားကွင်းတစ်ခု ရရှိသွားတော့ကောင်းတာပေါ့” ဟု ဆိုသည်။

ပန်းခြံပြုပြင်ခြင်းလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာတွင် အစိုးရဘတ်ဂျက်ဖြင့် ပြုလုပ်ခြင်းမဟုတ်သလို ကြာမြင့်မည့်အချိန်နှင့်ကုန်ကျစရိတ်ကို လောလောဆယ်၌ တွက်ချက်အတည်မပြုနိုင်သေးကြောင်း ဦးနိုင်ထူးအောင်က ဖြည့်စွက်ပြောသည်။

Written by – ခင်နန်းဌေး

Leave a Reply