မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၄ ။ ။ နောင်တက်လာမည့် အမျိုးသားဒီမိုကရေစီပါတီ အစိုးရသစ်လက်ထက်၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင် ဆင်ရေး အကောင်အထည်ဖော်နိုင်မှုကို လေ့လာအကဲခတ်စောင့်ကြည့်ရမည်ဖြစ်ကြောင်း (၆၉) ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် မွန်ပြည်သစ်ပါတီက ထုတ်ပြန်ကြေငြာသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို ဒီမိုကရေစီအင်အားစုများ၊ ပြည် သူလူထုတစ်ရပ်လုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်း ထုတ်ပြန်ကြေငြာချက်အရ သိရသည်။

လူမျိုးစုတိုင်းရင်းသားများ မျှော်မှန်းထားသည့် စစ်မှန်သောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည် ဆောက်ရေးကို ဘဝတူလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများ၊ လူမျိုးစုတိုင်းရင်းသား ပါတီများ၊ အဖိနှိပ်ခံပြည်သူတစ်ရပ်လုံးနှင့် အတူ ကြိုးပမ်းကြပါရန် အဆိုပါ ကြေညာချက်တွင် ဖေါ်ပြထားသည်။

ရေရှည်ငြိမ်းချမ်းရေး အစစ်အမှန်ပေါ်ပေါက်ရန် တစ်ပြည်လုံးအတိုင်းအတာ အပစ်ခတ်ရပ်စဲရေးသည် ဦးစွာဖြစ်သင့်ပါကြောင်း ယင်း ထုတ်ပြန်ကြေငြာချက်အရ သိရသည်။

မွန်ပြည်သစ်ပါတီသည် တိုင်းရင်းသားလက်နက်ကိုင် အားလုံးပါ၀င်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေး အဖြေရှာ ရေးကို တစ်ဆင့်တက်လှမ်းရမည် ဖြစ်နိုင်သောကြောင့်

လက်နက်ကိုင်တိုင်းရင်းသားတပ်ပေါင်းစု (UNFC) နှင့် အတူကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ကြေငြာချက်တွင် ပါရှိသည်။

Leave a Reply