ဇန်နဝါရီ ၁၂ ရက်နေ့တွင် စတင်ကျင်းပမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နိုင်ငံရေးဆွေးနွေးပွဲသို့ တအောင်းတပ်မတော် (TNLA) ကို အစိုးရအနေဖြင့် တရားဝင် ဖိတ်ကြားထားမှုမရှိဟု တအောင်းတပ်မတော်မှ ပြောရေးဆိုခွင့်ရှိသည့် ဗိုလ်မှူးကြီးအဆင့် တာအိုက်ကျော်က ဇန်နဝါရီ ၉ ရက်နေ့က ပြောကြားသည်။

“ကျွန်တော်တို့က ငြိမ်းချမ်းရေးကိုလိုလာတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်၊ ကျွန်တော်တို့ အဖွဲ့က တိုင်းပြည်ငြိမ်းချမ်းရေး ရရှိစေ ချင်တယ်”ဟု ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးအတွက် ၂၀၁၃ ခုနှစ်က တအောင်းတပ်မတော်နှင့် အစိုးရတို့ တွေ့ဆုံဆွေးနွေးမှုရှိခဲ့ပြီး တအောင်း တပ်မတော်၏ တောင်းဆို ချက်များကို လက်မခံ၍ အောင်မြင်မှုမရခဲ့ကြောင်း ၎င်းက ပြောသည်။

logo-copyတစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်ရေးဆွဲ၍ ရက်ပေါင်း ၉၀ အတွင်း နိုင်ငံရေးဆွေးနွေးပွဲများ စတင်ရမည်ဟု မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှတ်တမ်းများမှ သိရသည်။

တအောင်းတပ်မတော်ကို နိုင်ငံရေးဆွေးနွေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြားခြင်း အစီအစဉ်ရှိမရှိကို မြန်မာငြိမ်းချမ်းရေးနှင့် ပြည်လည် ထူထောင်ရေးဗဟို (MPC) မှ တာဝန်ရှိသူများအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းအဆက်အသွယ် မရရှိခဲ့ပေ။

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် (NCA) ကို တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS\ SSA)၊ ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော် (DKBA)၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KPC)၊ ပအို့ပ်အမျိုးသားအစည်းအရုံး (PNLO)၊ ရခိုင်လွတ်မြောက်ရေး တပ်မတော် (ALP\A) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီတပ်ဦး (ABSDF) တို့က လက်မှတ်ရေးထိုး ထားကြောင်း သိရသည်။

Leave a Reply