မော်လမြိုင် ၊ မေ ၁၀

အုပ်ချုပ်ရေးမဏ္ဍိုင်မှ အစိုးရတာဝန်သူ ကိုယ်စားလှယ်များ အနေနှင့် လွှတ်တော်တွင်း မေးခွန်းများကို ဖြေကြားရာတွင် မြေပြင်အခြေအနေကို ကြိုတင်ကွင်းဆင်းလေ့လာပြီးတိတိကျကျ ဖြေကြားပေးရန် မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိ ကတိုက်တွန်းပြောကြားခဲ့သည်။

မေလ ၁၀ရက်နေ့တွင် ကျင်းပသောမွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဒေါ်တင်အိက ယင်းကဲ့သို့တိုက် တွန်းခဲ့ခြင်းဖြစ်သည်။

“ကျွန်မတို့မေးခွန်းတွေကြိုတင်ပို့တယ် အဲ့တော့ကျွန်မတို့ လွှတ်တော်ကကိုယ်စားလှယ်တွေကလည်း ဆက်စပ်မေးခွန်း မမေးလိုပါဘူး။ကျွန်မတို့ အချိန်တွေလည်းသတ်မှတ်ထားပါတယ် အဲ့တော့ တိတိကြကြနဲ့ မြေပြင်အနေအထားနဲ့ ကိုက်ညီတဲ့ အဖြေရတယ်ဆိုရင် ကျွန်မတို့ ဆက်စပ်မေးခွန်း မမေးပါဘူး” ဟု ၎င်းကပြောသည်။

ဥပဒေပြုမဏ္ဍိုင်မှ ကိုယ်စားလှယ်များသည် ပြည်သူများ၏ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးရမည်ဖြစ်သော ကြောင့် ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်အလိုက် မေးခွန်းမေးရခြင်းဖြစ်ကြောင်း ယင်းမေးခွန်းများကိုလည်း သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူများကိုသာ ပြန်လည်ဖြေကြားစေလိုကြောင်း ဒေါ်တင်အိက တိုက်တွန်းပြောကြားခဲ့သည်။

“ကျွန်မတို့ မဏ္ဍိုင်သုံးရပ်က အချင်းချင်း အပြန်အလှန်လေးစား ရမယ်။ဝင်ရောက်စွတ်ဖက်မှုမရှိစေရဘူး ဒါကျွန်မတို့အမြဲတမ်း လေးစားလိုက်နာရမှာဖြစ်ပါတယ်” ဟု ၎င်း ကဆိုသည်။

လွှတ်တော်အစည်းအဝေးတွင် အုပ်ချုပ်ရေး မဏ္ဍာန်တိုင်မှ ရွေးကောက်ခံကိုယ်စားလှယ်များ၊ ဥပဒေပြုရေး မဏ္ဍာန်မှ ရွေးကောက်ခံကိုယ်စားလှယ်များ၊ စသဖြင့် သက်ဆိုင်ရာ ရွေးချယ်ခံကိုယ်စားလှယ်များ အားလုံးတက်ရာက်ရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

လွှတ်တော်သည် မဏ္ဍိုင်သုံးရပ်ဆုံတဲ့ အစည်းအဝးဖြစ်သည့်အတွက် မည်သူ တစ်ဦးတစ်ရောက်ကြောင့်မျှ စိတ်အနှောက်အယှက် မဖြစ်စေလိုကြောင်းနှင့် ဥပဒေနှင့် အညီ မဏ္ဍိုင် တစ်ခုနှင့် တစ်ခုလေးစားသောအားဖြင့် မိမိတာဝန်ကို မိမိကြေပွန်အောင် ထမ်းဆောင်ရမည်ဖြစ်ကြောင်း ၎င်းက နှုတ်ခွန်းဆက် အမှာစကားပြောခဲ့သည်။

Leave a Reply