ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စာရင်းကောက်ယူ ခဲ့ရာတွင် လမ်းဘေး ဈေးသည်ပေါင်း ၆ဝ၄၁ ဦးရှိသည်ဟု ထုတ်ပြန် ထားကာ ကမ်းနားလမ်း ညဈေးနှင့် မဟာဗန္ဓုလ လမ်းတို့တွင် အစားအသောက်နှင့် သစ်သီးဝလံ ရောင်းချ သူပေါင်း ၁၆ဝဝ ကျော်ကို နေရာ ချထားပေး ခဲ့ပြီးဖြစ်သည်။ (ဓါတ်ပုံ - Global New Light Of Myanmar)

ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စာရင်းကောက်ယူ ခဲ့ရာတွင် လမ်းဘေး ဈေးသည်ပေါင်း ၆ဝ၄၁ ဦးရှိသည်ဟု ထုတ်ပြန် ထားကာ ကမ်းနားလမ်း ညဈေးနှင့် မဟာဗန္ဓုလ လမ်းတို့တွင် အစားအသောက်နှင့် သစ်သီးဝလံ ရောင်းချ သူပေါင်း ၁၆ဝဝ ကျော်ကို နေရာ ချထားပေး ခဲ့ပြီးဖြစ်သည်။
(ဓါတ်ပုံ – Global New Light Of Myanmar)

ရန်ကုန် ၊ ဇန်နဝါရီ ၂၅

ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ လမ်းဘေးဈေးသည် များအတွက် နေရာ ချပေးထားသည့် ကမ်းနားလမ်း ညဈေးတန်းရှိ ဆိုင်ခန်း နေရာ များအား ပွဲစား များမှ တစ်ဆင့် ပြန်လည် ရောင်းချမှုများ ရှိနေကာ သိန်းဆယ် ဂဏန်း ဝန်းကျင်ခန့် ဈေးပေါက် နေကြောင်း လမ်းဘေး ဈေးသည် ခေါင်းဆောင် တစ်ဦး ဖြစ်သူ ကိုအောင်အောင်က ဟင်္သာ မီဒီယာသို့ ပြောကြားသည်။

“ညဈေးတန်းမှာ အကွက်တွေကို ရောင်းစားတဲ့ သူတွေ ရှိတယ်။ ငှားစားတဲ့ သူတွေရှိတယ်။ စာချုပ်တွေပါ ကျွန်တော် ပြမယ် အကွက် နာမည် တွေရော၊ နံပါတ် တွေရော ကျွန်တော့်မှာ အကုန် ရှိတယ် သူတို့ ဒုတိယ အကြိမ် မဲနှိုက် ပေးတယ်တဲ့၊ မဲနှိုက် ပေးတာ ဈေးမရောင်းတဲ့ သူတွေ အတိုးပေးစား သူတွေ မဲပေါက် သွားတယ်။ ကျွန်တော့်မှာ အကုန်လုံး အချက် အလက်တွေ ရှိတယ်” ဟု ကိုအောင်အောင်က ဟင်္သာမီဒီယာသို့ ပြောကြားသည်။

ရန်ကုန် တိုင်းဒေသကြီး အစိုးရမှ မြို့တွင်း လေးမြို့နယ်ရှိ လမ်းဘေး ဈေးသည်များကို ကမ်းနားညဈေး တန်းသို့ ပြောင်းရွှေ့ ရောင်းချ နိုင်ရန် အတွက် ကမ်းနားလမ်းတွင် ရှစ်ပေ ပတ်လည် ဈေးဆိုင် မြေနေရာ များကို သတ်မှတ် ခွင့်ပြု ပေးထားသည်။

ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စာရင်းကောက်ယူ ခဲ့ရာတွင် လမ်းဘေး ဈေးသည်ပေါင်း ၆ဝ၄၁ ဦးရှိသည်ဟု ထုတ်ပြန် ထားကာ ကမ်းနားလမ်း ညဈေးနှင့် မဟာဗန္ဓုလ လမ်းတို့တွင် အစားအသောက်နှင့် သစ်သီးဝလံ ရောင်းချ သူပေါင်း ၁၆ဝဝ ကျော်ကို နေရာ ချထားပေး ခဲ့ပြီးဖြစ်သည်။

ယင်းသို့ စီစဉ်ဆောင်ရွက်ပေးသည့် ကမ်းနားလမ်းညဈေးတန်းမှာ ကောင်းမွန်မှုရှိ သော်လည်း အမှန်တကယ် ဈေးရောင်းချ လိုသည့် ဈေးသည် အတော်များများမှာ ဆိုင်ခန်း နေရာ မရကြကြောင်း ဈေးသည်အချို့ ထံမှ သိရသည်။

“အဲ့ဒါ ဘယ်လို လူမျိုးတွေလဲ ဆိုတာ သူတို့ သိတယ် သူတို့နဲ့ ပတ်သက်ရာ ပတ်သက်ကြောင်းတွေကို သူတို့က အကွက်တွေ ပေးလိုက်တယ် အဲ့လူ တွေက ပြန်ငှားစားတယ်၊ ပြန်ရောင်းစားတယ်။ အခုဆို သိန်းလေး ဆယ်၊ ငါးဆယ် ပေါက်တယ်”ဟု ၎င်းက ရှင်းပြ ပြောဆိုသည်။

ရန်ကုန်တိုင်း အစိုးရ အနေဖြင့် ကမ်းနားလမ်း ညဈေးတန်းတွင် အစားအသောက်နှင့် သစ်သီးဝလံများ ရောင်းချသူများ ကိုသာ ဆိုင်ခန်း နေရာ စီစဉ် ပေးသဖြင့် အခြား ပစ္စည်းရောင်းချ လိုသည့် ဈေးသည်များ နေရာမရရှိ ခဲ့ကြောင်း ညဈေးတန်း၌ ဆိုင်ခန်း မရရှိ ခဲ့သည့် အဝတ်အထည် ရောင်းသူ ဒေါ်သန်းသန်းနုကလည်း ဟင်္သာမီဒီယာသို့ ပြောကြားသည်။

“အန်တီ တို့က လုံးဝကို မရတာ။ အစားအသောက်နဲ့ သစ်သီး ကိုပဲ သူတို့ နေရာ ချထားပေး နိုင်တယ် အန်တီတို့လို လူသုံးကုန် ရောင်းတဲ့သူတွေကို နေရာ မပေးနိုင်ဘူး” ဟု အဝတ်အထည်ရောင်းသူ ဒေါ်သန်းသန်းနုက ရှင်းပြသည်။

ရန်ကုန် တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ၂၀၁၆ ခုနှစ် အောက်တိုဘာ လမှ စတင်ပြီး ကမ်းနား လမ်းတွင်သာ ညဈေးတန်း အဖြစ် ရောင်းချ နိုင်ရန် စီစဉ် ပေးထားပြီး မြို့တွင်း လေးမြို့နယ် အတွင်း မည်သည့် နေရာတွင် မဆို ဈေးရောင်းချခွင့် မပြုကြောင်း ထုတ်ပြန်ကြေညာ ထားပြီးဖြစ်သည်။

ကမ်းနားလမ်း ညဈေး ဖွင့်လှစ် ပေးထားသော်လည်း ဈေးရောင်းချရာတွင် အခက်အခဲများ ဖြစ်နေခြင်းကြောင့် မူလ နေရာတွင် ဈေးပြန်လည်ရောင်းချခွင့် ပြုရေး အတွက် လမ်းဘေးဈေးသည်များ သုံးကြိမ်တိုင် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ် ခဲ့ကြပြီး ဖြစ်သည်။

အောင်ကျော်ထွန်း

Leave a Reply