(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေမှ လွှတ်တော် အခမ်းအနား တစ်ခုအတွင်း ဆွေးနွေး ပြောဆိုနေစဉ်)

လွှတ်တော် သက်တမ်း ကုန်ဆုံးခါနီး အချိန်တွင် မွန်ပြည်နယ် အစိုးရက စီမံကိန်း အသစ် (၁၀) ခု ပြုလုပ်ရန် မွန်ပြည်နယ် လွှတ်တော်ထံ တင်ပြ ထားကြောင်း ချောင်းဆုံ မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အောင်နိုင်ဦးက ပြောသည်။

ရွေးကောက်ပွဲ အလွန် ပြုလုပ် ခဲ့သည့် (၁၂) ကြိမ်မြောက် မွန်ပြည်နယ်လွှတ်တော် ပုံမှန် အစည်းအဝေးတွင် ထိုစီမံကိန်း များကို ဆက်လက် လုပ်ဆောင်ရန် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ် ခဲ့ကြကြောင်း မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များထံမှ သိရသည်။

“ဒီလုပ်ငန်း ၁ဝ ခုကလည်း အရင် ကတည်းက လုပ်ဆောင် ထားတဲ့ လုပ်ငန်းများ ဖြစ်ပါတယ်၊ အခုမှ လွှတ်တော်ကို တင်ပြပြီး အတည်ပြုချက် ရယူတယ် ဆိုတာက အတော် စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ဆိုနိုင် ပါတယ်”ဟု ဒေါက်တာအောင်နိုင်ဦးက မွန်ပြည်နယ် လွှတ်တော်တွင် တင်ပြ ခဲ့သည်။

(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေမှ လွှတ်တော် အခမ်းအနား တစ်ခုအတွင်း ဆွေးနွေး ပြောဆိုနေစဉ်)
(ဓါတ်ပုံ အညွှန်း – မွန်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ ဦးကျင်ဖေမှ လွှတ်တော် အခမ်းအနား တစ်ခုအတွင်း ဆွေးနွေး ပြောဆိုနေစဉ်)

အဓိက အားဖြင့် သစ်ပုံဆိပ် အဆင့်မြင့် တန်ဖိုးသင့် အိမ်ရာ တည်ဆောက်မည့် စီမံကိန်း၊ မော်လမြိုင် မြို့ပေါ်တွင် BOT စနစ်ဖြင့် ရေပေးဝေရေး စီမံကိန်း၊ မုဒုံမြို့ အဝေးပြေးကွင်း တည်ဆောက်ရေး စီမံကိန်းနှင့် ကတုံးပေါ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး စသည့် စီမံကိန်းများလည်း ပါဝင်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့ အစိုးရ အဖွဲ့ကတော့ တစ်ရက် ကျန်လည်း အလုပ်လုပ် မှာပဲ၊ ဘာဖြစ် လို့လည်းဆိုတော့ လစာ ရနေတာကိုး၊ ဒီတော့ တိုင်းပြည် အတွက် အလုပ်လုပ် ရမှာပဲ”ဟု မွန်ပြည်နယ် လူမှုရေးရာ ဝန်ကြီး ဒေါက်တာလှဦးက ပြောသည်။

လက်ရှိ အစိုးရက တာဝန် ထမ်းဆောင်ရန် အချိန် သုံးလခန့်သာ ကျန်ရှိ တော့သဖြင့် ထိုလုပ်ငန်း ၁ဝ ခုကို လွှတ်တော်သို့ အပူတပြင်း တင်ပြ၍ အတည်ပြုချက် ရယူ ခဲ့ခြင်းကြောင့် ပြည်သူများက ပွင့်လင်းမြင်သာမှု မရှိမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း မော်လမြိုင် အရပ်ဖက်အဖွဲ့အစည်း များမှ တာဝန်ရှိသူ များက ဆိုသည်။

“သက်တမ်းကုန်တော့မယ်ဆိုတော့ ကိုယ်လုပ်ခဲ့တဲ့အလုပ်ကို ဒီနေရာမှာပဲ လတ်စသတ်နိုင်ရင်တော့ ပိုကောင်းမယ်”ဟု ဒေါက်တာအောင်နိုင်ဦးက သုံးသပ်ပြောဆိုသည်။

Leave a Reply