ဇန်နဝါရီလ (၁၉) ရက်နေ့က ဖွဲ့စည်း လိုက်သည့် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်ကို အကဲဖြတ် ရန်အတွက် လေ့လာ စိစစ်ရေး အဖွဲ့တွင် ဦးဝန်းထိန်သည် အဖွဲ့ခေါင်းဆောင် ဖြစ်သည်။ (ဓါတ်ပုံ - Global New Light of Myanmar)
ဇန်နဝါရီလ (၁၉) ရက်နေ့က ဖွဲ့စည်း လိုက်သည့် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်ကို အကဲဖြတ် ရန်အတွက် လေ့လာ စိစစ်ရေး အဖွဲ့တွင် ဦးဝန်းထိန်သည် အဖွဲ့ခေါင်းဆောင် ဖြစ်သည်။ (ဓါတ်ပုံ - Global New Light of Myanmar)
ဇန်နဝါရီလ (၁၉) ရက်နေ့က ဖွဲ့စည်း လိုက်သည့် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်ကို အကဲဖြတ် ရန်အတွက် လေ့လာ စိစစ်ရေး အဖွဲ့တွင် ဦးဝန်းထိန်သည် အဖွဲ့ခေါင်းဆောင် ဖြစ်သည်။ (ဓါတ်ပုံ – Global New Light of Myanmar)

နေပြည်တော်၊ ဇန်နဝါရီ ၁၉

အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်ကို အကဲဖြတ် ရန်အတွက် လေ့လာ စိစစ်ရေး အဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ထိပ်တန်း ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးဝင်းထိန်က မီဒီယာများကို ပြောကြားသည်။
NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက် အရ လေ့လာ စိစစ်ရေး အဖွဲ့ကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း ယင်းပါတီက ဇန်နဝါရီလ ၁၉ ရက်နေ့တွင်လည်း သီးခြား သတင်း ထုတ်ပြန် ထားပါသည်။

NLD အစိုးရ တာဝန်ယူလာသည်မှာ တစ်နှစ်နီးပါးကြာမြင့်လာပြီဖြစ်သောကြောင့် အစိုးရအဖွဲ့ဝင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် ရွေးကောက်ပွဲ ကြေညာချက်ကြေညာစာတမ်းပါ ဖော်ပြချက်များနှင့် အညီ စွမ်းဆောင် နိုင်ခြင်း ရှိမရှိကို ဖွဲ့စည်းလိုက်သည့် စိစစ်ရေး အဖွဲ့က အကဲဖြတ်မည် စောင့်ကြည့် သွားမည် ဖြစ်ကြောင်း ဦးဝင်းထိန်ကဆိုသည်။

“အဖွဲ့ အနေနဲ့ တွေ့ရှိချက် တွေကို သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ထံ တင်ပြ သွားမှာဖြစ်သလို ဘယ်လို အရေးယူ သင့်တယ် ဆိုတာလည်း အကြံပြု တင်ပြသွားမှာ ဖြစ်တယ်” ဟု ဦးဝင်းထိန်က ပြောသည်။

အရေးယူ ရာတွင် အစိုးရ အဖွဲ့ဝင်များအား နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့မှ ဆုံးဖြစ်မည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်များကိုမူ လွှတ်တော်မှသာ ဆုံးဖြတ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။

လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ် တင်မြှောက်ခံရပြီး စည်းကမ်း ဖောက်ဖျက်မှုများ ကျူးလွန်သည်ဟုဆိုကာ NLD ပါတီမှ အရေးယူခံထားရ သူ သုံးဦး ရှိခဲ့သည်။

ထို့အပြင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကိုလည်း စည်းကမ်းနှင့် ညီညွတ်ခြင်း မရှိသောကြောင့်ဟုဆိုကာ ရာထူးမှ အနားပေး ထားသည်။

ကိုပေါက်

Leave a Reply