အစ္စရေး ဖေဖော်ဝါရီ

 

အစ္စရေးနိုင်ငံ၏ ပထမဦးဆုံး လစူးစမ်း လေ့လာရေးယာဉ်ကို ယခု ရက်သတ္တပတ်အတွင်းတွင် လွှတ်တင် မည်ဖြစ်ကြောင်း ၊  လူလိုက်ပါခြင်း မရှိသည့် အဆိုပါယာဉ်သည် အချက် အလက်များကို စုဆောင်းရယူပြီး နာဆာအဖွဲ့နှင့် မျှဝေမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အာကာသယာဉ်လွှတ်တင်ရေး စီစဉ်နေသူများက ပြောကြားသည်။

 

အလေးချိန် ၅၈၅ ကီလိုဂရမ် (ပေါင် ၁၂၉၀)ရှိသည့် အဆိုပါယာဉ်ကို အမေရိကန် ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ကာနောဗာရယ်အငူမှ ဖယ်လ်ကွန်-၉ ဒုံးယာဉ်ဖြင့် ဖေဖော်ဝါရီ ၂၂ ရက် ဂရင်းနစ်စံတော်ချိန် ဝ၁း၄၅ ဝန်းကျင် တွင် လွှတ်တင်ရန် စီစဉ်ထားသည်။

 

အာကာသယာဉ် လွှတ်တင်မည့် ရက်စွဲကို အစ္စရေးလေကြောင်း အာကာသစက်မှုလုပ်ငန်း(အိုင်အေ အိုင်)နှင့် အစိုးရမဟုတ်သော နည်းပညာဆိုင်ရာလုပ်ငန်း စပေ့စ်အိုင် အယ်လ်တို့ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။

 

ယင်းအာကာသစူးစမ်းလေ့လာရေး ယာဉ်အား အစ္စရေးနိုင်ငံ တဲလ်အဗစ် မြို့အနီးရှိ ရီဟွတ်စခန်းမှ ထိန်းချုပ် သွားမည်ဖြစ်သည်ဟု သတင်းတွင် ဖော်ပြသည်။

 

လတ်တလောတွင် ကမ္ဘာပေါ်၌ လမျက်နှာပြင်ပေါ်သို့ စူးစမ်းလေ့လာ ရေးယာဉ်များ လွှတ်တင်နိုင်သည့် နိုင်ငံများမှာ ရုရှား၊ အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သာ ရှိသည်။

တရုတ်နိုင်ငံမှ လွှတ်တင်ခဲ့သော လစူးစမ်းလေ့လာရေးယာဉ်သည် ယခုနှစ် ဇန်နဝါရီ ၃ ရက်က လက္ဘာ၏ အခြားဘက်အစွန်ခြမ်းတွင် ညင်သာ စွာ ဆင်းသက်ခဲ့ပြီး ယင်းဘက်အခြမ်း တွင် ပထမဦးဆုံးအကြိမ်အဖြစ် ဆင်းသက်ခဲ့ခြင်းဖြစ်သည်။

 

အစ္စရေးနိုင်ငံမှ ပထမဦးဆုံးအကြိမ် အဖြစ် လွှတ်တင်မည့် လစူးစမ်း လေ့လာရေးယာဉ်သည် ခရီးတာ ကီလိုမီတာ ၆ ဒသမ ၅ သန်း(မိုင် တစ်သန်း)ကို အမြန်နှုန်း အမြင့်ဆုံး တစ်စက္ကန့်လျှင် ၁၀ ကီလိုမီတာ (တစ်နာရီလျှင် ကီလိုမီတာ ၃၆,ဝဝ၀) နှုန်းဖြင့် သွားရောက်မည်ဖြစ်ကြောင်း အိုင်အေအိုင်၏ ကြေညာချက်တွင် ဖော်ပြသည်။

 

NHK

 

Leave a Reply