Advertisements

လူမှုမီဒီယာပလက်ဖောင်းများ အသုံးပြုခြင်းအပေါ် အခွန်ကောက်မည့် အငြင်းပွားဖွယ် ဥပဒေကို ယူဂန်ဒါလွှတ်တော်က အတည်ပြုလိုက်သည်။

အဆိုပါ ဥပဒေအရ ဖေ့စ်ဘုတ်၊ WhatsApp၊ ဗိုက်ဗာနှင့် တွစ်တာကဲ့သို့သော အင်တာနက် စာတိုပို့သည့် ပလက်ဖောက်များအသုံးပြုခြင်းအတွက် တစ်နေ့လျှင် ဝဒသမ၀၅ ဒေါ်လာ (မြန်မာငွေ ၆၇ ကျပ်ဝန်းကျင်) ကောက်ခံမည်ဖြစ်သည်။

လူမှုမီဒီယာသည် အတင်းပြောခြင်းကို တွန်းအားပေးသည်ဟု ဆိုကာ အပြောင်းအလဲများဖြစ်ပေါ်ရန် သမ္မတ ယိုဝါရီ မူဆယ်ဗင်နီက လုပ်ဆောင်နေသည်။

အဆိုပါဥပဒေသည် ဇူလိုင်လ ၁ ရက်နေ့တွင် အသက်ဝင်မည်ဖြစ်သော်လည်း မည်သို့ အကောင်အထည်ဖော် မည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်းမရှိသေးပေ။

ယင်းဥပဒေသည် မိုဘိုင်းဖြင့် ငွေလွှဲခြင်းအပေါ် ၁ ရာခိုင်နှုန်းကောက်ခံမည့် အခွန်များလည်း ပါဝင်သည်။ နိုင်ငံ၏ ကြွေးမြီများကို ပေးချေရန်အတွက် အခွန်များတိုးကောက်ရန်လိုအပ်နေကြောင်း ဘဏ္ဍာရေးဝန်ကြီး ဒေးဗစ် ဗဟာတီက လွှတ်တော်ကို ပြောသည်။

\ကျွမ်းကျင်သူများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသူများအနက် တစ်ခုကတော့ လူမှုကွန်ရက်သုံးစွဲမှုအပေါ် နေ့စဉ်အခွန်ကောက်ခြင်းကို မည်သို့ အကောင်အထည်ဖော်မည်ဆိုသည့်အပေါ် သံသယရှိကြောင်း ထုတ်ပြောကြသည်။

အစိုးရအနေဖြင့် မိုဘိုင်း ဆင်းကတ်များကို မှတ်ပုံတင်လာစေရန် ကြိုးပမ်းလုပ်ဆောင်နေသည်။ ယူဂန်ဒါနိုင်ငံတွင် မိုဘိုင်းဖုန်း ၂၃ဒသမ၆ သန်းရှိပြီး လူပေါင်း ၁၇ သန်းသာ အင်တာနက်သုံးစွဲနေသည်။ ထို့ကြောင့် အာဏာပိုင်များအနေဖြင့် မည်သည့် ဆင်းကတ်က အင်တာနက်သုံးသည်ဆိုသည်ကို ခွဲခြားသိရှိအောင် ဆောင်ရွက်မည်ဆိုသည်ကို သေသေချာချာ မသိရပေ။

သမ္မတသည် လူမူမီဒီယာအခွန်ဥပဒေပေါ်ပေါက်လာရေးအတွက် မတ်လအတွင်းမှ စ၍ တွန်းအားပေးခဲ့သည်။ လူမှုမီဒီယာအခွန်များမှ ရရှိသော ငွေများသည် အတင်းပြောခြင်း၏ အကျိုးဆက်များကို ကျော်လွှားရာတွင် အထောက်အကူဖြစ်စေနိုင်ကြောင်းသမ္မတက ဘဏ္ဍာရေးဝန်ကြီးထံပေးသော စာထဲတွင် ဖော်ပြထားသည်။ သို့သော် အင်တာနက်သုံးစွဲခြင်းသည် ပညာရေး၊ သုတေသနနှင့် အကိုးအကားများအတွက် အထောက်အပံ့ဖြစ်သဖြင့် အင်တာနက်သုံးစွဲခြင်းအပေါ် အခွန်မကောက်သင့်ဟု ၎င်းကဆိုသည်။

ထိုစဉ်က ဝေဖန်သုံးသပ်သူများကတော့ ထိုကဲ့သို့အခွန်ကောက်ခံခြင်းမှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ပိတ်ပင်ခြင်းဖြစ်သည်ဟု ဝေဖန်ခဲ့ကြသည်။

Source: BBC

Advertisements
<

Leave a Reply