Advertisements

မော်လမြိုင်၊ အောက်တိုဘာ

မွန်ပြည်နယ် မော်လမြိုင်မြို့ သာယာအေးရပ်ကွက်တွင် မြို့တွင်းသုံးရေသောက်ရေအဆင်ပြေစေရန်အတွက် ရေသန့်စင် စက်ရုံတစ်ခု ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရှိရသည်။

ရေသန့်စင်စက်ရုံဆောက်လုပ်ရန်  စီမံကိန်း စတင်ရန်ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို အတ္တရံ‌ရေပေးဝေရေးစီမံကိန်းဝင်းတွင် အောက်တိုဘာ ၁၇ နံနက် ကျင်းပပြုလုပ်ခဲ့ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာအေးဇံနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်တချို့ တက်ရောက်ခဲ့ကြသည်။

Advertisements
data-language="en"

“ဘတ်ဂျက်ကတော့ ဒီရေသန့်စနစ်မှာ ဆိုလို့ရှိရင်တော့ သူက ၅ ဒသမ ၂ ဘီလီယံပါကျွန်တော်တို့သုံးဖို့ရည်ရွယ်ထားတာက ၁ ဒသမ ၄ ဘီလီယံပါအားလုံး ၆ ဒသမ ဘီလီယံသုံးသွားမှာ ဖြစ်ပါတယ်” ဟုစည်ပင်ဝန်ကြီး ဦးမင်းကျော်လွင်ကဆိုသည်။

အဆိုပါရေသန့်စင်စက်ရုံတည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် ရေဂါလန် ၄ ဒသမ ၆ သန်းခန့် သန့်စင်ပြီး မော်လမြိုင် မြို့ပေါ်ရပ်ကွက်များသို့ သောက်သုံးရေနှင့် သန့်ရှင်းသောရေရရှိနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လဲ့လဲ့ဝင်း

Leave a Reply