မွန်ပြည်နယ်တွင် ငရုတ်သီးစိမ်းများကို စိုက်ပျိုးရာတွင် အထွက်နှုန်းနည်းပါးမှုကြောင့် ဈေးကွက်အတွင်း ငရုတ်သီးစိမ်း ဈေးနှုန်းများ ထက်ဝက်ခန့် ဈေးမြင့်တက်လျက်ရှိကြောင်း ငရုတ်သီးစိမ်း စိုက်ပျိုးရောင်းချသူများ ထံမှသိရသည်။

chili

သြဂုတ်လ ပထမပတ်တွင် ငရုတ်သီးစိမ်း တစ်ပြည်လျှင် ၈၀ဝ ကျပ်ရှိရာမှ သြဂုတ်လ ၁၀ ရက်နေ့တွင် ငရုတ်သီးစိမ်း တစ်ပြည်လျှင် ၁၆၀ဝ ကျပ်အထိ ဈေးနှုန်းများမြင့်တက်လျက်ရှိကြောင်း မွန်ပြည်နယ်အခြေစိုက် ငရုတ်သီးစိမ်းရောင်းဝယ်ရေးလုပ်ငန်းရှင်များထံမှ သိရသည်။

ငရုတ်သီးစိမ်း အပင်များမှာ ရာသီဥတုအခြေအနေကြောင့် အထွက်နှုန်းနည်းပါးခြင်းပြီး ဈေးကွက်အတွင်း တင်ပို့ရာတွင် လည်း လမ်းစရိတ်များရှိသည့် အတွက်ကြောင့် ဈေးနှုန်းများမှာလည်း မြင့်တက်ခြင်းဖြစ်ကြောင်း မော်လမြိုင်နှင့် ကျိုက်မရောရှိဈေးများသို့ ငရုတ်သီးစိမ်း တင်ပို့ရောင်းချသူ ဦးစိန်သောင်းက ပြောကြားသည်။

ယခင်က ငရုတ်သီးစိမ်း တစ်ရက်လျှင် ငရုတ်သီးပြည် ၃၀ဝ မှ ပြည် ၄၀ဝ အထိ ခူးယူရသော စိုက်ပျိုးခြံတွင် ယခုအခါ ငရုတ်သီးစိမ်း ပြည် ၃၀မှ ပြည် ၄၀ အထိသာ ခူးယူးရသည်အထိ အထွက်နှုန်းလျော့ကျလျက် ရှိကြောင်း ကျိုက်မရောမြို့နယ်အခြေစိုက် ငရုတ်သီးစိမ်းစိုက်ပျိုးရောင်းချသူ  ဦးအုန်းကြည်က ရှင်းသည်။
“ငရုတ်အပင်က အသီးအပွင့်နည်းပြီး အထွက်နှုန်းနည်းတော့ ဈေးတွေကလည်းတက်လာတယ်” ဟု ၎င်းကဆိုသည်။

မွန်ပြည်နယ်အတွင်းရှိဈေးများတွင် ငရုတ်သီးစိမ်းများကို စိုက်ပျိုးသူများက ကိုယ်တိုင်လာရောက် ရောင်းချ လျက်ရှိပြီး အချို့မှာမူ ခြံသမားများထံမှ တစ်ဆင့်ပြန်လည်ဝယ်ယူ၍ ရောင်းချသူများမှာလည်း ရှိကြောင်း  ငရုတ်သီးစိမ်း ရောင်းဝယ်သူများထံမှ သိရသည်။

Leave a Reply