Advertisements

နေပြည်တော်၊ အောက်တိုဘာ (၃)ရက်။

မြန်မာနိုင်ငံအတွင်း အနိမ့်ဆုံး လုပ်ခလစာကို တစ်ရက်လျှင် (၄၀၀၀)ကျပ်မှ (၄၈၀၀)ကျပ်အကြား သတ်မှတ်နိုင် ရန် လျာထားလိုက်ပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရှိရသည်။

နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတွင် နိုဝင်ဘာ(၂)ရက်က ပြုလုပ်သည့် အနည်းဆုံးအခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ တတိယအကြိမ်အစည်း အဝေးမှ သိရသည်။

Advertisements
data-language="en"

“အကြမ်းမျဉ်းကတော့ ၄၀၀၀ ကျပ်နဲ့ ၄၈၀၀ ကျပ်အကြားကို တိုင်းနဲ့ ပြည်နယ်က တက်လာတဲ့ ကိန်းဂဏန်း တွေအရ အများဆုံးတင်ပြတဲ့ နှုန်းတွေဖြစ်တဲ့အတွက် အသေးစားနဲ့ အလတ်စားကဏ္ဍက အလုပ်ရှင်တွေနဲ့ ပြန်ဆွေးနွေးမှာပါ။ ပြီးရင်တိုင်းနဲ့ပြည်နယ်တွေက ပြန်တင်ပြပေးပါဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပါတယ်။”ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

အနည်းဆုံးလုပ်ခလစာကို တစ်ရက်လျှင် ငွေကျပ် ၄၀၀၀ နှုန်းဖြင့် သတ်မှတ်မည်ဆိုပါက အခြေခံလစာ (၁၂၀၀၀၀)ကျပ် အချိန်ပိုတစ်နာရီ (၁၀၀၀)ကျပ်၊ တစ်ရက်လျှင် (၄၄၀၀)ကျပ်နှုန်းဖြင့် သတ်မှတ်ပါက တစ်လလျှင် (၁၃၂၀၀၀)ကျပ် အချိန်ပိုကြေး တစ်နာရီ (၁၁၀၀)ကျပ်၊ တစ်ရက်လျှင် (၄၈၀၀)ကျပ်နှုန်းဖြင့် သတ်မှတ်ပါက အခြေခံလစာ (၁၄၄၀၀၀)ကျပ် အချိန်ပိုကြေး တစ်နာရီလျှင် (၁၂၀၀) ပေးရမည်ဖြစ်ကြောင်း သိရသည်။

“ဖိုရမ်မှာ တစ်ပြည်လုံးမှာရှိတဲ့ အလုပ်ရှင်၊ အလုပ်သမားတွေ တွေ့ကြမယ်။ အလုပ်ရှင်ဘက်ကလည်း နားထောင် ရမယ်။ အလုပ်သမားဘက်ကလည်း နားထောင်ရမယ်။ သူ့အခက်အခဲ၊ ကိုယ့်အခက်အခဲတွေကို နားထောင်ရ မယ်။ နားထောင်ပြီးရင်

တကယ်တမ်းဖြစ်သင့်တဲ့ ဂဏန်းတစ်ခုကတော့ ရလာမယ်လို့ထင်တယ်။”ဟု ယင်းဆွေး နွေးပွဲတွင် အလုပ်ရှင်ကိုယ်စားလှယ်အဖြစ်တက်ရောက်လာသူ ဒေါ်ခိုင်ခိုင်နွယ်က ပြောသည်။

အောက်ခြေအဆင့်က ဆွေးနွေးချက်များကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလတွင် နောက်ဆုံးအဆင့် ဆွေးနွေးပွဲပြုလုပ် ပြီးသတ်မှတ်ရမည့် ပမာဏကို အဆုံးအဖြတ်ရယူသွားမည်ဖြစ်ပြီး ၂၀၁၅ ခုနှစ်က သတ်မှတ်ခဲ့သည့်အတိုင်း တစ်နိုင်ငံလုံးတစ်ပြေးညီ သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Written by – MMK

Leave a Reply