၁။ ဦးနာအောက်ဟာ ကရင်ပြည်နယ်၊ ခရဲရွာမှာ ၁၈၃၂ ခုနှစ်က မွေးဖွားခဲ့ကာ ၁၉ ရာစုအတွင်း ကျော်ဇောထင်ရှားသော မွန်တိုင်းရင်းသားများထဲမှ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး ၁၉၁၃ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ သူ၏ ပုံတူရုပ်တုကို ၁၉၂၇၊ အောက်တိုဘာလ၊ ၁၅ ရက်နေ့တွင် ကော့နှပ်ကျေးရွာတွင် စိုက်ထူခဲ့သည်။

ကိုလိုနီခေတ်အတွင်းက ဗြိတိသျှပိုင် ဧရာဝတီမီးသင်္ဘော ကုမ္ပဏီနဲ့ ပြိုင်ဆိုင်ပြေးဆွဲခဲ့တဲ့ မြန်မာမီးသင်္ဘော ကုမ္ပဏီပိုင်ရှင် သူဌေးကြီးဦးနာအောက် ဆောက်လုပ်လှူဒါန်းခဲ့သော နှစ်ပေါင်းရာကျော် သက်တမ်းရှိ ရှေးဟောင်း အနုပညာလက်ရာများနှင့် သာသနိကအဆောက်အအုံများသည် မွန်ပြည်နယ်၊ ကော့နှပ်ကျေးရွာတွင် တည်ရှိနေသေးသည်။ ဦးနာအောက်ဘုရားလို့ လူသိများတဲ့ ရှေးဟောင်းကျောင်းဆောင်များနှင့် အဆောက်အအုံများမှာ ယိုယွင်းပျက်စီးနေမှု စတင်လာပြီးဖြစ်ကာ မူလအတိုင်း စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေပြီးဖြစ်သည်။

Leave a Reply