Advertisements

ကူးတို့သမ္ဗန်ခတ်သမားခေါ် တော ကုလားဒါကူး၏ သမ္ဗန်ဖြစ်ပေသည်။ ဒါ ကူးမှာ ဦးသက်ထွန်းတို့အိမ်၏လက်စွဲဖြစ်သည်။ ဦးသက်ထွန်းတို့ အိမ်သားများ ကျုံဒိုးသို့သွားတိုင်း သူပင်ခတ်ပို့ရသည်။ အိမ်သားအားလုံးနှင့် ရင်းနှီးနေသော ခေါ် တောကုလားဖြစ်သည်။ အရှေ့ဘင်္ဂလား နယ် စစ်တကောင်းသားဖြစ်၍ မြန်မာ ပြည်သို့ ငယ်ငယ်ကတည်းက ခြေချလာ ရောက်နေသူ မြန်မာ စကားကိုလည်း ကောင်းကောင်းပြောတတ်သူ။ သူတို့ သည်ကမ်းနားရှိ လှေဆိပ်တွင်ပင် နေကြ သည်။ သမ္ဗန်ပေါ်အိပ် သမ္ဗန်ပေါ်စားကာ ရေပေါ်၌ နေသူများဖြစ်ကြသည်။

ယင်း ဘင်္ဂါလီဒေသနှင့် ပတ်သက်၍ မာကိုပိုလို ကသူရောက်ခဲ့သော ၁၃ရာစုက မြန်မာ နှင့်ဘင်္ဂလားဒေသ အကြောင်းရေးရာ တွင် “မြန်မာနှင့်ဘင်္ဂလားဘုရင်”ဟုဖော် ပြဘူးလေသည်။ တချို့ခေါ်တောကုလား များက မြန်မာမိန်းမများနှင့် အိမ်ထောင် ကျလျက်ရှိကြသည်။ အထူးသဖြင့် ဆင်းရဲ သော တောရွာသူများနှင့် အိမ်ထောင်ကျ တတ်သည်။ မြန်မာအမျိုးသမီးများကမူ ကုလားမယားဟူ၍ မေးငေါ့ တတ်ကြ သည်။ သို့သော် သူတို့မေးငေါ့သောလူရာ မသွင်းသော ကုလားမယားများကား ရွှေ လက်ကောက်အပြည့်နှင့် ရွှေဆွဲကြိုတ လက်လက်နှင့် သူတို့က လူရာမသွင်းသ ဖြင့် အမျိုးသမီးကလေးများမှာ ကုလားအ ပေါင်းအသင်းများနှင့်သာ နေကြရသည်။

တချို့သော သမ္ဗန်ကုလားများ စစ်တ ကောင်းပြန်သောအခါ သူတို့ပါ လိုက်သွား ကြသည်။ ဆရာကြီး ဒဂုန်တာရာက ၁၉၃၁ ခုနှစ် ဝန်းကျင်က ဘင်္ဂါလာလီများ၏ မြန်မာလူအဖွဲ့အစည်း အတွင်း နေထိုင် သည့်ပုံစံနှင့် လူအဖွဲ့အစည်း၏ တုံ့ပြန်မှု ကို ဒို့ခေတ်ကိုရောက်ရမည်မှာ မလွဲပါ ဝတ္ထုတွင် တစိတ်တပိုင်း ရေးဖွဲ့ခဲ့သည်။ ယခုအချိန်အထိ ခေတ်မီနေသည်ဟု ယူ ဆ၍ ပြန်လည် ကိုးကားဖော်ပြခြင်းဖြစ် သည်။ ကျွန်တော်တို့ လက်ခံလိုသည်ဖြစ် စေ လက်ခံမလိုသည်ဖြစ်စေ ဘင်္ဂါလီများ သည် ကိုလိုနီခေတ်ကတည်းက ရောက် လာခြင်းဖြစ်သည်။ ဦးနေဝင်း အစိုးလက် ထက် ၁၉၇၈ ခုနှစ်ကလည်း ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် မှတ်ပုံတင် စစ်ဆေးသည့် အခါ ကြောက်လန့်ပြီး ဘင်္ဂါလီနှစ်သိန်း လောက် ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲကို ဝင် ရောက်ခိုလှုံကြပြန်သည်။

ခိုလှုံသည့် ဦးရေများလွန်းသည့်အတွက် တစ်ကမ္ဘာ လုံး အုတ်အော်သောင်းတင်းဖြစ်သွားခဲ့ဖူး သည်။ မဆလခေတ် အစိုးရခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်းကိုယ်တိုင် ဒါကာကို သွားပြီး ဘင်္ဂါလီပြန်ခေါ်ရေး သဘောတူ ချက်ကို လက်မှတ်ထိုးခဲ့ရသည်။ ယင်း အချိန်တုန်းကလည်း ကုလသမဂ္ဂ လက် အောက်ခံ အဖွဲ့အစည်းများက ဘင်္ဂလီပြန် လည် နေရာချထားရေးကို ဝိုင်းပြီးအကူအ ညီပေးကြသည်။ ဦးနေဝင်း လက်ထက် တုန်းကဘင်္ဂါလီအရေးသည် ဘင်္ဂါလာဒေ့ရှ် မြန်မာနှစ်နိုင်ငံ၏ လူဝင်မှုပြဿနာအဆင့် သာရှိသည်။ ဦးနေဝင်းခေတ်လွန် တပ်မ တော်အစိုးရလက်ထက် ဖိနှိပ်မှုများ ကြောင့် ရိုဟင်ဂျာလက်နက်ကိုင်လှုပ်ရှား မှုများ ပြန်ပေါ်လာခြင်းဖြစ်သည်။

တပ်မ တော်အစိုးရ၏ တန်ပြန် စစ်ဆင်ရေး ကြောင့် ဘင်္ဂါလီအများအပြား ဘင်္ဂလား ဒေ့ရှ်သာမက လှေစီးဒုက္ခသည်များအဖြစ် မလေးရှာနှင့် အရှေ့အလယ်ပိုင်း ဒေသအ ထိ ပျံနှံရောက်သွားကြသည်။ နိုင်ငံတ ကာအမြင်တွင် လှေစီးသူများကို လူသား များအဖြစ်သာ မြင်သည်။ အထူးသဖြင့် သာမန်ကလေးများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများကို လူသားမျက်နှာ Human Face အဖြစ်သာမြင်ကြသည်။ ရိုဟင်ဂျာ၊ ဘင်္ဂါလီ၊ မြန်မာ၊ Burma ခွဲ ခြားပြီးမြင်နိုင်ကြမည်ဟုတ်ပါ။ အထူးသဖြင့် သူကို ကိုးကွယ်သည်ဘာသာ အသားအ ရောင် ပြောဆိုသည့် စကားပေါ်မှာမကြည့် ဘဲ လူသားများအဖြစ်သာမြင်ပြီး အစိုးရ ကိုဖိအားပေးနေကြသည်။ အဆိုးရွားဆုံး မှာပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်က ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ်မြောက် ပိုင်းက ARSA အကြမ်းဖက် အဖွဲ့၏ တိုက်ခိုက်မှု၊ ပြန်လည် နှိမ်နင်းမှုတွေ ကြောင့် သြဂုတ်လ ၃၀ ရက်နေ့အထိ တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် ဝန်ထမ်းစုစု ပေါင်း ၁၅ ယောက်ကျဆုံးခဲ့သည်။ အ ကြမ်းဖက်သမား အလောင်း ၃၇၀ ရရှိ ထားတယ်လို့ တပ်မတော် ဘက်က သတင်းထုတ်ပြန်ထားသည်။

တခြားရခိုင် နှင့် တိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာ ဝင်တွေ သေဆုံးခဲ့တာတွေကိုပါ ထည့် တွက်လျှင် သေဆုံးသူ ၄၀၀ ဝန်းကျင်ဖြစ် သည်။ သြဂုတ်လ ၂၅ ရက်ဖြစ်စဉ်သည် ၂၀၁၂ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့သည့် ဘာသာရေး၊ လူမျိုးရေး ဆန်သော အကြမ်းဖက်မှုတွေ၊ ပြီးခဲ့သည့် ၂၀၁၆ အောက်တိုဘာအတွင်း ဖြစ်ခဲ့ သည့် နယ်ခြားစောင့်တပ်စခန်းသုံးခုအ ကြမ်းဖက်စီးနင်း တိုက်ခိုက်ခံရမှုနှင့် ပြန် လည် နှိမ်နင်းခဲ့ရသည့် ဖြစ်စဉ်တွေတုန်း ကထက် သေဆုံးသူအများကြီး ပိုများတိုး လာသည်။ ခိုးဝင်ပြဿနာမှတစ်ဆင့် လူ အသေအပျောက်များသော အကြမ်းဖက် မှုကြီးအထိ ဖြစ်စဉ်ကိုပြန်လည်စစ်ကြော ကြည့်သင့်သည်။ အထူးသဖြင့် ရခိုင်ပြည် နယ်မြောက်ပိုင်းက ခိုးဝင်လာသူများ ပြ ဿနာသည် နှစ်ပေါင်းများအမြစ်တွယ် နေသည့် ပြဿနာဖြစ်သည်။

အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီလက် ထက်ရှိလာသည့် ပြဿနာမဟုတ်ပေ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အာဏာ ရလာပြီးနောက်ပိုင် ပြီးခဲ့သည့် ၂၀၁၆ ခု နှစ် အကြမ်းဖက်တိုက်ခိုက်မှုကို ကိုင်တွယ် ဖြေရှင်းမှုကိုလေ့လာကြည့်လျှင် မောင် တောဒေသမှာ ညမထွက်ရ အမိန့်ထုတ် သည်။ စစ်ဆေးမှုတွေလည်း ပိုတင်းကြပ် လိုက်သည်။ နှစ်ပေါင်းများ တစ်မြို့နယ်က နေတစ်မြို့နယ် ကူးသန်းသွားလာခွင့်ကို ကန့်သတ်ခံထားရသော မူဆလင်တွေအ တွက်တစ်နေရာကနေတစ်နေရာ သွားလာရ ခက်ခဲကုန်သည်။ မူဆလင်အများစုသည် ရေလုပ်ငန်းနှင့် အသက်မွေးကြသည်။ အောက်တိုဘာလ ရဲစခန်းများကို တိုက် ခိုက်ခံရပြီးနောက် မူဆလင်များ၏ ငါးဖမ်း ခွင့်ကို ပိတ်ပင်လိုက်သည်။ အကျိုးဆက် အနေဖြင့် ရေထွက်ကုန်ပစ္စည်းများကို အဓိက အားထားနေသော နယ်စပ်ကုန် သွယ်ရေးလည်း ကျဆင်းသည်။

တကယ် တော့ ရေလုပ်ငန်းနှင့် လယ်ယာလုပ်ငန်း သည် ရခိုင်ပြည်နယ်၏ ပင်မစီးပွားရေး ဖြစ်သည်။ လယ်ပိုင်ရှင် လှေပိုင်ရှင်များ ရခိုင်များ ရေလုပ်သားများမရှိ၍ ငါးဖမ်း လုပ်ငန်းတစ်ခုလုံး ပျက်စီးသွားသည်။ အ ကြောက်တရား လွှမ်းမိုးရုံမက စားစရာဆို လျှင် INGO များကပေးသည့် အကူအညီ လောက်သာရှိ ပေးစရာငွေမရှိ ပြေးစရာ မြေမရှိသူသည် အကြမ်းဖက်သမား အ တွက် စည်းရုံးစရာ အင်အားစုဆောင်စရာ အကွက်ကောင်းရသွားသည်။

အကြမ်း ဖက်သမားကရှင်းသည် အစိုးရသတင်း ပေးများကို သုတ်သင်ရှင်းလင်းသည်။ အကြမ်းဖက်စည်းရုံးသည်။ အကြမ်းဖက် သမားများ၏လုပ်ရပ်ကို အစိုးရကထိထိ ရောက်ရောက် ကိုင်တွယ် ဟန့်တားနိုင် ခြင်းမရှိ။ အေးအေးချမ်းချမ်း မူဆလင်များ ကို အကာကွယ်မပေးနိုင်သဖြင့် ရွေးစရာ မရှိ ဖြစ်သွားရသည်။ တကယ်တော့ ရခိုင်မြောက်ပိုင်းတွင်ရှိသည့် မူလဆင်တိုင်း အကြမ်းဖက်သမား ဖြစ်နိုင်မည်မထင်။ အကြမ်းဖက်သမားများ၏ စည်းရုံးမှု ကြောင့်သာ သံချေးတက်နေ သည့်ဓါးများ၊ လှံများ၊ လောက်လေးခွများ၊ ဂျင်ကလိများ သေနတ်တစ်လက်နှစ် လက်လောက် လက်လုပ်မိုင်းလောက်သာ အသုံးပြုနိုင် သည့် လူအုပ်ကြီးသည် ဆက်သွယ်ရေး စက်များ ကတုတ်ကျွင်းများ ဘန်ကာ ရှိသည့် စခန်းများကို ဝင်တိုက်ရဲသည့် ရွေးချယ်စရာမရှိဘဲ သေမထူးနေမထူး စိတ်ဖြင့် ဝင်တိုက်ကြခြင်း ဖြစ်သည်။

အထူးသဖြင့် ကင်းလှည့် စစ်ရေယာဉ်တွေ စစ်ကားတွေ လက်နက်ကြီးတွေ ရဟတ် ယာဉ်တွေ အသုံးပြုနိုင်သည့် အစိုးရ၏ လုံခြုံရေးတပ်များကို အံတုယှဉ်ပြိုင်တိုက် ခိုင်းနိုင်ခြင်းဖြစ်သည်။ အကြမ်းဖက်သမား ၏ရည်ရွယ်ချက်သည် အစိုးရနှင့် ပြည်သူ များ ကြောက်လှန့်စေဖို့ဖြစ်သည်။ သူတို့ ကို နိုင်ငံတကာက အာရုံစိုက်လာစေဖို့ ဖြစ်သည်ဟု ပညာရှင်များက ဆိုသည်။ တကယ်တော့ (Terror) အကြောက် တရားဆိုရာ အကြမ်းဖက်သမားကသာ လုပ်တာမဟုတ်ပါဘူး။ မီဒီယာတွေ၊ အစိုးရတွေကလည်း လုပ်တတ်သည်ဆို တာကို မြန်မာလူထု သတိပြုမိဖို့လိုသည်။ အကြောက်တရားနှင့်ဆိုရင် ထိန်းချုပ်ရ တာ ပိုလွယ်သည်။ အားကိုးချင်လာအောင် ကယ်တင်ရှင် ပုံစံမျိုးလုပ်တတ်သည်။ အ ကြောက်တရားရှိနေလျှင် လူ့ဂုဏ်သိက္ခာ ကင်းမဲ့ သွားတော့သည်။

လူအခွင့်အရေး ဆိုသည်မှာ လူဂုဏ်သိက္ခာရှိရှိ နေထိုင်ရေ ဖြစ်သည်။ စိတ်ပိုင်းအရဆိုလျှင် ကြောက် ရွံခြင်းမှ ကင်းဝေဖို့ဖြစ်သည်။ ရုပ်ပိုင်းအ ရဆိုလျှင် တောင်းတရခြင်းမှ ကင်းကင်း ဖြင့်ရှာဖွေစားသောက်ဖို့ ဖြစ်သည်။ မြန် မာနိုင်ငံ၏ အနောက်ဘက်တံခါး ကျိုးပျက် လျှင် ပြန်ကာပြန်ဆောက်လို့ရသည်။ ခိုး ဝင်လာသူများ၏ ပြဿနာသည် ကိုလိုနီ ခေတ်ကတည်းရှိသည်။ သို့သော် စီမံခန့် ခွဲမှုကောင်းပြီး တာဝန်ခံမှုတာယူမှုရှိသည့် စနစ်ကြောင့် ဆရာကြီးဒဂုန်တာရာ ရေးခဲ့ သလို အေးအေးချမ်းချမ်းရှိခဲ့သည်။ ယခု အချိန်တွင် စိုးရိမ်သင့်သည်မှာ အနောက် ဘက်တံခါး ကျိုးပျက်ခြင်းထက် အနောက် ဘက်ကမ်းက ရိုက်ခတ်လာသည့် နောက် ပြန်လှိုင်းဖြစ်သော မသွားရဲ၊ မလာရဲ၊ မ ပြောရဲ၊ မဆိုရဲ လူလူချင်း ကြောက်ရွံနေ ရသည့်ဘ၀ ကိုယ်ကြမ္မာ ကိုယ်ဖန်းတီးခွင့် မရှိ ကယ်တင်ရှင်မျှော်နေရသည် ဘဝက လွတ်မြောက်ဖို့ ဝေးဝေးကြည့် မြင့်မြင့်ပျံ နိုင်ကြပါစေ။ ။

Written by – ခိုင်ကြည်

ကိုးကား – ဒဂုန်တာရာ၏ ဒို့ခေတ်ကိုတော့ ရောက်ရမည်မှာမလွဲပါ
၁၉၇၉ခု ထုတ်စာမျက်နှာ ၂၂၁-၂၂၂

Advertisements
<

Leave a Reply