မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အင်းနီကျေးရွာတွင် လူနေအိမ်များအနီး ကြက်ခြံ လေးခြံ သည် အနံ့ဆိုးများထွက် နေခြင်း ကြောင့် ဒေသခံများ ကျန်းမာရေးထိခိုက်စေမည်ဟုပြောဆိုမှု ရှိလာ၍ မွန်ပြည်နယ် လွှတ်တော် ကစစ် ဆေး ပြီး ယာယီ ရပ်ဆိုင်းထားရ န် ညွှန်ကြားထားကြောင်း မွန်ပြည်နယ်လွှတ်တော် တိုင်ကြားစာ၊အသနားခံစာ ၊တင်ပြစာနှင့် အထွေထွေကိစ္စရပ်များ ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကျော်သူက ဟင်္သာမီဒီယာသို့ပြောကြားသည်။

Hem

အဆိုပါ ကြက်ခြံများသည် ၂၀၁၄ခုနှစ်မှစတင်ကာ ကြက်ခြံ တစ်ခြံတွင် ကြက်အကောင်ရေ ၃၀ဝ၀နှင့် ၄၀ဝ၀ကြားကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက် တစ်စုံတစ်ရာမရှိဘဲ မွေးမြူလုပ်ကိုင်နေသော ကြက်ခြံများဖြစ်ကြောင်း ဦးအောင်ကျော်သူက ဆိုသည်။

“ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ထောက်ခံချက်လည်းမရှိဘူး၊နောက်မှ တရားဝင်လျှေက်တာတွေလုပ်ဖို့၊ လောလောဆယ်ဆယ်တော့ရပ်ဆိုင်းထားဖို့မှာထားတယ်၊ ယင်ကောင်တွေကြောင့် ဒေသခံတွေတော်တော်
အခက်ခဲဖြစ်ရတယ်၊ အနံ့ဆိုးတွေလည်း တစ်ရွာလုံးနီးပါး တော်တော်ဆိုးတယ်”ဟု ဦးအောင်ကျော် သူကရှင်းပြသည်။

အဆိုပါ ရပ်ဆိုင်းခံထားရသည် ့ကြက်ခြံ ပိုင်ရှင်များက ဥပဒေနှင့် အညီ ပြန်လည် လုပ်ကိုင်လိုပါက
ရပ် ကွက် အုပ်ချုပ်ရေးမှူးထံ ခွင့်ပြုချက်တောင်း၍ ပြန်လည် လုပ်ကိုင်နိုင်ကြောင်း ၎င်းက ဆိုသည်။

လွှတ်တော်၏ တွေ့ရှိချက်များကို သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ တိရစ္တာန် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေးဦးဌာနရုံးတို့ကို ဥပဒေနှင့်အညီဆောက်ရွက်ရန် တင်ပြထားကြောင်း ဦးအောင်ကျော်သူက ဆိုသည်။

အဆိုပါ ကြက်ခြံများနှင့်ပတ်သက်ပြီး ဒေသခံများက လွှတ်တော်သို့ တိုင်ကြားလာသောကြောင့် မွန်ပြည် နယ်လွှတ်တော် တိုင်ကြားစာ၊အသနားခံစာ၊တင်ပြစာနှင့်အထွေထွေကိစ္စရပ်များကော်မတီဝင်များက ဇူလိုင်လ ၂၃ရက်နေ့က သွားရောက်စစ်ဆေးခဲ့သည်။

Leave a Reply