Advertisements

ထားဝယ်၊ ဇူလိုင်

ထားဝယ်ခရိုင်အတွင်းမီးသုံးစွဲသူပြည်သူများအန္တရာယ်ရှိနိုင်သည့်လမ်းမီးတိုင်များနှင့်မီးကြိုးများ လဲလှယ်ပေးရန် ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် ဖြန့့်ဖြူးခြင်းဆိုင်ရာ အထောက်အကူပြု ဗဟိုကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌသို့ တင်ပြထားကြောင်း GGS ကုမ္ပဏီက အထွေထွေ မန်နေဂျာဦးမြတ်သူနိုင်ကပြောကြားသည်။

“လက်ရှိ အခြေအနေမှာ ဒီလိုဖြစ်နေတယ်၊ မင်းတာဝန်ဆိုရင် ကျွန်တော်ခံလုပ်လို့ မရဘူး၊ ခေတ်အဆက်ဆက် လုပ်လာတာ” ဟု ယာယီ ၃ လကာလအတွင်း ထားဝယ်ခရိုင်လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့်ဖြန့်ဖြူးခြင်းလုပ်ကိုင်နေသော GGS ကုမ္ပဏီမှ အထွေထွေမန်နေဂျာဦးမြတ်သူနိုင်ကဆိုသည်။

ထားဝယ်ခရိုင်အတွင်း ကျေးရွာမီးလင်းရေးကော်မတီမှလွှဲပြောင်းလက်ခံထားသော ကျေးရွာများတွင်အသုံးပြုနေသည့်သစ်သားတိုင်အဟောင်း၄၂၄၈ တိုင်နှင့် မီးကြိုး ၅၀၃၈၁၀ပေရှိပြီး အန္တရာယ် ဖြစ်နိုင်ခြေများသော တိုင်နှင့် မီးကြိုးများကို လဲလှယ်ပေးရန်နှင့် မီးသုံးစွဲပြည်သူများ အန္တရာယ် ရှိနိုင်သည့်အတွက် အရည်အသွေးမီ ပစ္စည်းများဖြင့် အစားထိုးပေးရန် လိုအပ်လျက်သည်ဟုတင်ပြထားကြောင်း GGS ကုမ္ပဏီထံမှ သိရှိရသည်။

လက်ရှိအချိန်တွင်သစ်သားတိုင်အဟောင်းများနှင့် ကာဗာမပါကြိုးများမှာ ရေကြီး၍ မျောပါသွားခြင်း၊ တိုင်ကျိုးခြင်း၊ တိုင်မရှိတော့သဖြင့် ကြုံရာတွင် စွဲထားရခြင်းတို့ဖြစ်ပေါ်နေသည်ကိုတွေ့ရှိရပြီး လျှပ်စစ်အန္တရာယ်ဘေးကင်းရေးအတွက် အမြန််ဆောင်ရွက်ပေးရမည့် အခြေအနေသို့ ရောက်ရှိနေကြောင်း စိစစ်တွေ့ရှိရပါသည်ဟု GGSကုမ္ပဏီမှ အဆိုပါကော်မတီသို့ တင်ပြသော စာတွင် ရေးသားထားသည်။

အဆိုပါ ကိစ္စရပ်များကိုတနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်သည့်  ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်း ဆိုင်ရာအထောက်အကူပြု ဗဟိုကြီးကြပ်မှုကော်မတီသို့ GGS ကုမ္ပဏီက ဇွန်လနှင့် ဇူလိုင်လ တို့တွင် စာဖြင့် ၄ ကြိမ် တင်ပြထားခဲ့သော်လည်း ထူးခြားမှုမရှိသေးကြောင်းယင်းကုမ္ပဏီမှ တာဝန်ရှိသူများက ပြောသည်။

ဓာတ်မီးတိုင်နှင့် ဓာတ်အားလိုင်းတို့ကို အသစ်ပြုလုပ်မည်ဆိုလျှင် ဘတ်ဂျက် သုံးစွဲရန် တစ်နှစ်ကြိုတင်ရေးဆွဲရကြောင်း၊လက်ရှိဖြစ်ပျက်နေသည့်အရာကို အစားထိုးပေးလို့ရပြီး ယင်းကိစ္စကို လျှပ်စစ်အား ကွင်းဆင်းစိစစ်ခိုင်းထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၊
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောသည်။

“ဘယ်နေရာ ဘာဖြစ်နေတယ်ဆိုတာ တက်လာလိမ့်မယ်၊ ဒယ်( ဒီ)အပေါ်မှာပဲ အစိုးရအဖွဲ့ ကက်ဘိနက်မှာ ဆုံးဖြတ်မယ်”ဟု ဦးအောင်သူရက ဆိုသည်။

၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် ယင်းတိုင်နှင့်မီးကြိုးများ လဲလှယ်ရန် ဘတ်ဂျက်လျားထာသည်ဟု ဝန်ကြီးထံမှ သိရသည်။ဓာတ်အားသုံးစွဲသူပြည်သူများ၏ ဆန္ဒအရ  ဗို့အားပြည့်ဝစွာ ရရှိရေး ဆောင်ရွက်ပြီးနောက်ပိုင်းတွင် ဓာတ်လိုက်၍ လူ ၁ ဦး သေဆုံးခြင်း၊ မီတာ ၁၆ လုံး မီးလောင်ခြင်းနှင့် နေအိမ် ၁လုံးမီးလောင်ခြင်းတို့ ဖြစ်ပွား ခဲ့ပြီး ယခင်က မဖြစ်ဖူးသော ဖြစ်စဉ်များဖြစ်ခဲ့သည်ဟု GGSကုမ္ပဏီထံမှ သိရသည်။

ဓာတ်အားသုံးစွဲသူပြည်သူများသည် အန ္တရာယ်ရှိသည့်အရေးထက် လက်ရှိမီးမပြတ်ရေးကိုသာ အဓိကထားပြီး မီးလိုင်းအသစ်လဲပါက မီးပြန်မရမည်ကို စိုးရိမ်နေသဖြင့် သက်ဆိုင်ရာသို့ တင်ပြရန် ဆန္ဒမရှိသည်ကို တွေ့ရှိရသည်ဟု GGS ကုမ္ပဏီထံမှ သိရသည်။

တင့်လွင်

Advertisements
<

Leave a Reply