အန်ဖီးလ်မှာတိုက်ခိုက်ခံရတဲ့ မန်စီးတီး

လီဗာပူးလ်အသင်းရဲ့ဆိုးသွမ်းတဲ့ပရိသတ်တွေဟာ မန်စီးတီးကစားသမားတွေပါဝင်တဲ့ မန်စီးတီး အသင်းပိုင် ဘတ်စ်ကားကို အန်ဖီးလ်လမ်းမကြီးပေါ်မှာ ပြင်းထန်စွာတိုက်ခိုက်ခဲ့တယ်လို့ သတင်းများ က သိရှိရပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဧည့်သည်အသင်း အနေနဲ့ လာရောက်ကစားခဲ့တာဖြစ်ပြီး အိမ်ရှင်လီဗာပူးလ်အသင်းရဲ့ဆိုးသွမ်းတဲ့ ပရိသတ်တွေက ပုလင်းတွေ၊ မီးရှူးမီးပန်းတွေ၊ အခြားလေးလံတဲ့အရာဝတ္ထုတွေနဲ့ တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။

ဗြိတိန်မီဒီယာတွေရဲ့အဆိုအရ လီဗာပူးလ်အသင်းပရိသတ်တွေဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး ဂွာဒီယိုလာအနေနဲ့ တစ်စုံတစ်ရာထိခိုက်ဒဏ်ရာရရှိမှု မဖြစ်ခဲ့သလို မန်စီးတီးအသင်းက တစ်စုံတစ်ယောက်မှ ဒဏ်ရာမရရှိခဲ့ဘူးလို့ သိရပါတယ်။

လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က” ဒီအဖြစ်အပျက်တွေ မဖြစ်ပွားစေဖို့ ကျွန်တော်တို့ အတတ် နိုင်ဆုံး ကြိုးစားခဲ့ပါတယ်၊ ဒီလိုမျိုး လုပ်ရပ်တွေကြောင့် တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးလ်အသင်းက မန်စီးတီးအသင်းပိုင်ဘတ်စ်ကားကို တိုက်ခိုက်ခဲ့တဲ့ လီဗာပူးလ်ရဲ့ဆိုးသွမ်း ပရိသတ်တွေအတွက် မန်စီးတီးအသင်းကို တရားဝင်တောင်းပန်မှုတွေ ပြုလုပ်ခဲ့ရပြီး အဆိုပါလုပ်ရပ်ကို ရှုတ်ချကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ကြောင့် မာဆေးဆိုဒ်က ရဲတပ်ဖွဲ့ဝင် (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လီဗာပူးလ်အသင်း ကတော့ ရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ဆိုးသွမ်းပရိသတ်တွေကို စုံစမ်းရှာဖွေကာ အရေးယူမှုတွေ လုပ်ဆောင် သွားမယ်လို့ သိရှိရပါတယ်။

Ref:Sky Sports

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်