Advertisements

မော်လမြိုင်၊ မေ ၇

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးခြင်းသည် လူမျိုးအပေါ် သစ္စာဖောက်မှုမဟုတ်ကြောင်း မွန်ပြည်သစ်ပါတီဥက္ကဌ နိုင်ထောမွန်က ပြောဆိုလိုက်သည်။

“နိုင်ငံရေးကို ရည်ရွယ်ပြီး အများကြားမှာ ဆွေးနွေးနိုင်ဖို ့ဖြစ်တယ် လူမျိုးကို သစ္စာဖောက်တာမဟုတ်ဘူး နိုင်ငံရေးကို ဖြေရှင်းနိုင်ဖို့ရည်ရွယ်ပြီး ထိုးတာဖြစ်တယ်”ဟု မွန်ပြည်နယ်၊ ရေးမြို့၊ ပြည်သူ့အားကစားရုံတွင် မေလ ၇ ရက်နေ့တွင် ကျင်းပသော မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ပိတ်ပွဲအခမ်းအနားမိန် ့ခွန်းတွင် ၎င်းကထည့်သွင်းပြောဆိုခဲ့ခြင်းြဖစ်သည်။

ယင်းအပြင် ယနေ့သည် မွန်နိုင်ငံတော်ဟံသာဝတီပျက်သုန်းသည့်  ၂၆၁နှစ်မြောက်နေ့ဖြစ်ပြီး ထိုသို့ပျက်သုန်းခြင်းခဲ့ကြောင့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသစ်တည်ဆောက်ရန် အားယူနေသည့် ပုံစံကို လုပ်ဆောင်နေခြင်းဖြစ်သည်ဟုလည်း နိုင်ထောမွန်ကဆိုသည်။

“ကျွန်တော်တို့က အနှစ် (၅၀) တော်လှန်ရေးလုပ်လာတာ တစ်ချို ့က ကျွန်တော်တို့ကို  မွန်ပြည်သစ်အပေါ်မှာ သစ္စာဖောက်တယ်လို့လည်း ပြောကြတာရှိတယ်” ဟု၎ငိက ထည့်ပြောသည်။

မွန်ပြည်သစ်ပါတီ NCA လက်မှတ်ထိုးခြင်းနှင့် ပတ်သက်ပြီ်း လူမှုကွန်ရက် စာမျက်နှာ ဖေ့စ်ဘွတ်ပါ်တွင် ဝေဖန်သုံးသပ်ခြင်းနှင့် တိုက်ခိုက်စကားပြောခြင်းများရှိေနသည်ကိုလည်း “အပြင်မှာကြီးပဲ တိုက်ခိုက်တယ် ဆိုတာ မကောင်းဘူး။ အဆိုးမြင်ဝါဒနှင့် ကြည့်တာ မကောင်းဘူး”ဟု နိုင်ထောမွန်က မှတ်ချက်ပြုခဲ့သေးသည်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုသည်မှာ မွန်ပြည်သစ်ပါတီ လက်နက်စွဲကိုင်စဉ် အချိန်ကတည်းက လက်ခံထားသည့် နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းနှင့် ဖြေရှင်းမည်ဟူသော သံဓိဌာန်ကို အကောင်အထည် ဖော်နေခြင်းသာဖြစ်သည်ဟုလည်း ၎င်းက ရှင်းပြသည်။

မွန်ပြည်သစ်ပါတီသည် ဖေဖော်ဝါရီ ၁၃တွင် NCA၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းြဖစ်သည်။ ယင်းနောက် နှစ်လအကျော်အကြာတွင် နိုင်ငံရေးကိစ္စများကို ဆွေးနွေးအဖြေရှာရန် တရားဝင်လုပ်ငန်းစဉ်အဖြစ် သတ်မှတ် ထားသော မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ရေးမြို့၌ မေ ၅ရက်မှစ၍ သုံးရက်တိုင် ဦးဆောင်ကျင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဆွေးနွေးပွဲများ၌ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့်သဘာဝသယံဇာတ ကဏ္ဍလေးရပ်ကို လူ ၅၀၀ နီးပါးပါဝင်ဆွေးနွေးခဲ့ကြပြီး ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးကို ဦးတည်သည့် သဘောထားအမြင်ပေါင်း ၂၃၀ ချက်နီးပါးကိုစုစည်းနိုင်ခဲ့သည်ဟု ပွဲကျင်းပရေးတာဝန်ရှိသူတို့က ထုတ်ဖော်ပြောဆိုထားသည်။

Written by ဂေထော

Advertisements
<

Leave a Reply