အပူချိန် ၃၂ ဒီဂရီရှိနေသော်လည်း ကျောင်းတွင် ဘောင်းဘီတို ဝတ်ခွင့်မပေးသဖြင့် စကတ်ဝတ်ကာ ကျောင်းသွားခဲ့ကြသည့် ကျောင်းသားငယ်များ

အပူချိန် ၃၂ ဒီဂရီရှိနေသော်လည်း ၎င်းတို့အနေဖြင့် ကျောင်းတွင် ဘောင်းဘီတို ဝင်ခွင့်မရှိဟု ပြောလာသောကြောင့် ဆန့်ကျင်သည့်အနေဖြင့် ကျောင်းသို့ စကတ်ဝတ်၍ သွားခဲ့ကြသည်။

ချက်ရှိုင်းယားရှိ ပွိုင်တွန် အထက်တန်းကျောင်းရှိ ကျောင်းသား ကိုးယောက်က ယောက်ျားလေးများအနေဖြင့် ဘောင်းဘီတိုဝတ်ခွင့်မရှိသည့် ယူနီဖောင်းမူဝါဒကို ဆန့်ကျင်ကာ စကတ်ဝတ်ခဲ့ကြခြင်းဖြစ်သည်။

“မိန်းကလေးဖြစ်ဖြစ်၊ ယောက်ျားလေးဖြစ်ဖြစ် ဘောင်းဘီတို ဝတ်ခွင့်မရှိပါဘူး။ ဒီနိုင်ငံမှ သိပ်မပူပေမယ့် နွေရာသီမှာပူပါတယ်။ ဘောင်ဘီတို ဝင်ချင်မှာပေါ့။ ယူနီဖောင်း မူဝါဒက မိန်းကလေးရော၊ ယောက်ျားလေးရောအတွက် အတူတူပဲဖြစ်တဲ့အတွက် စကတ်ဘာလို ဝတ်လို့မရမှာလဲဆိုပြီး ဒီလို လုပ်ခဲ့ပါတယ်’ ဟု ယင်းလှုပ်ရှားမှုကို ဦးဆောင်သော အသက် ၁၃ နှစ်အရွယ် အက်ဒီ၏ မိခင်ဖြစ်သူ အသက် ၄၅ နှစ်အရွယ် ကက် ဒွန်ကန် ပြောသည်။

‘သူက သူ့သူငယ်ချင်းတွေကို မိန်းကလေးတွေဆီက စကတ်ငှားပြီး ကျောင်းကို ဝတ်သွားရအောင်လို့ ပြောပါတယ်။ မူလတန်းမှာဆိုရင် ဘောင်းဘီတို ဝတ်လို့ရတယ်။ ကိစ္စမရှိဘူး။ ဘာလို့ ဒီလို တင်းကြပ်ထားလဲ မသိဘူး။ တခြား ကြောင်တောင်တောင် စည်းမျဉ်းတွေလည်း ရှိသေးတယ်’ ဟု ၎င်းကဆိုသည်။

အထက်တန်းကျောင်းကတော့ ယူနီဖောင်းပေါ်လစီတွင် ကျားမ ခွဲခြား ဖော်ပြထားခြင်းမရှိဘဲ ကျားမ တန်းတူညီမျှမှုဖြစ်စေရန်ဖြစ်ကြောင်း ပြောသည်။

‘ယူနီဖောင်းမူဝါဒမှာ ဘောင်းဘီတို ဝတ်ခွင့်ရှိတယ်လို့ မပါတဲ့အတွက် သူတို့ ဘောင်းဘီတို ဝတ်လို့ မရဘူးလို့ ပြောတယ်။ မူဝါဒကို ပြောင်းလဲမယ့် ပုံလည်း မပေါ်ပါဘူး။ အက်ဒီရဲ့ အောင်မြင်မှုကတော့ စကတ်ကို အောက်ချဝတ်ဖို့ အပြောခံရတာပဲဖြစ်ပါတယ်’ ဟု မစ္စက်ဒွန်ကန်က ပြောသည်။

ထိုကျောင်းသားငယ်များမှာ မိမိတို့၏ဆောင်ရွက်မှုနှင့် ပတ်သက်၍ ကျေနပ်အားရမှုရှိသည်ဟုဆိုသည်။

‘သူတို့ ဂုဏ်ယူကြတယ်။ အဓိပ္ပာယ်မရှိဘူးလို့ ယူဆတဲ့ စည်းမျဉ်းကို ဆန့်ကျင်ခဲ့တဲ့အပေါ် ကျေနပ်နေတယ်။ ဝန်ထမ်းတွေကလည်း အားပေးကြပါတယ်’ ဟု ၎င်းက ဆိုသည်။

ထိုကောင်လေးများမှာ ဒုတိယနေ့အဖြစ် ကျောင်းသို့ စကတ်ဝတ်သွားရန် စီစဉ်နေကြကြောင်း သိရသည်။

Source: Metro

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.