သထုံ၊ မတ်လ ၂၃ ။ ။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာအုပ်စုအလယ်ရွာမြောက်ပိုင်းတွင် မတ်လ ၂၂ ရက်နေ ့ နံနက် ၁ နာရီခွဲအချိန်ကအပ်နှံထားသောငွေ ကျပ် ၁၅၀၀၀ပြန်တောင်းရာဇနီးဖြစ်သူက ပြန် မပေးသည့်အတွက် ထိုးကြိတ်ရာမှ လက်လွန်ပြီးဇနီးသည် သေဆုံးခဲ့ကြောင်းသထုံမြို့မရဲစခန်းမှ သိရသည်။

logo-copy

နောင် ကုလားကျေးရွာအုပ်စုအလယ်ရွာမြောက်ပိုင်းနေမောင်သဲဇာမှ ဇနီးဖြစ်သူမချိုသက်ထံလွန်ခဲ့သောနှစ်ရက် က လုပ်အားခငွေ ၁၅၀၀၀ ကျပ်အားအပ်နှံထားခဲ့စဉ် ဇနီး ဖြစ်သူကအပ်နှံထားသည့်ငွေများမရှိတော့ကြောင်းမချေမငံ ပြန်ပြောသဖြင့် ခင်ပွန်းဖြစ်သူမောင်သဲဇာမှ မချိုသက်အားလက်သီး၊ ခြေထောက်တို့ဖြင့် ထိုးကြိတ်ခဲ့ကြောင်းရဲမှတ်တမ်းများအရသိရသည်။

၎င်း ထိုးကြိတ်ဒဏ်ရာများကြောင့် မချိုသက်တွင် အပေါ်နှုတ်ခမ်းသွေးထွက် ဖူးရောင်ပေါက်ပြဲ၊ ညာလက်မောင်းညိုမဲ၊ နှာခေါင်းမှ သွေးထွက်နှင့် နဖူးဖူးရောင်ညိုမဲပွန်းပဲ့ ဒဏ်ရာများဖြင့် နေအိမ်ခြံဝင်းအတွင်းမှာလဲကျ သေဆုံးနေကြောင်းအဆိုပါမှတ်တမ်းတွင် ပါရှိသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီးမောင်သဲဇာအားသထုံမြို့မရဲစခန်းမှ အမှုကြီးအမှတ်စဉ် ၂/၂၀၁၆ (ပ) ၁၄၉/၂၀၁၆ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်းယင်းရဲစခန်းထံမှ သိရသည်။

Leave a Reply