အင်တာနက်ပေါ်တွင် ပျံ့နှံ့လာသော ဗီဒီယိုဖိုင်ထဲတွင် တရုတ်ကုမ္ပဏီတစ်ခုသည် သတ်မှတ်ချက် ပြည့်မီအောင် မရောင်းနိုင်ခဲ့သော ကုမ္ပဏီဝန်ထမ်းများကို ကြာပွတ်ဖြင့် ရိုက်နှက်အပြစ်ပေးပြီးနောက်တွင် ကျင်ငယ်ရည်သောက်ခိုင်းနေသည်ကို တွေ့မြင်ရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဂွီဇိုးပြည်နယ်၊ ဇွန်ရီမြို့တွင် အခြေစိုက်သည့် ကုမ္ပဏီတစ်ခုသည် ရုံးခန်းအတွင်းတွင် ထိုကဲ့သို့ ခိုင်းစေနေသည်ကို ဗီဒီယိုရိုက်ထားခြင်းဖြစ်သည်။

ထို့အပြင် သတ်မှတ်ချက် ပြည့်မီအောင် မရောင်းချနိုင်ခဲ့သော ဝန်ထမ်းများကို ကုမ္ပဏီအုပ်ချုပ်ရေးပိုင်းမှ လူများက ပိုးဟပ်စားခိုင်းခဲ့သည်။

အဆိုပါ ဗီဒီယိုထဲတွင် ဝန်ထမ်းနှစ်ဦးသည် အခြားလူများ၏ ရှေ့တွင် နှာခေါင်းပိတ်လျက် ခွက်များကို မော့သောက်နေသည်ကို တွေ့ရပြီး ဝန်ထမ်းတစ်ဦးကလည်း အဝါရောင် အရည်များ ထည့်ထားသော ခွက်ကို ကောက်ကိုင်လိုက်သည်ကို တွေ့မြင်ရသည်။

ယင်းအပြင်လည်း ဝန်ထမ်းများမှာ တစ်ယောက်ပြီးတစ်ယောက် အရိုက်ခံရန်အတွက် တန်းစီစောင့်ဆိုင်းနေကြသည်ကိုလည်း တွေ့မြင်ရသည်။

အဆိုပါ ဗီဒီယို အွန်လိုင်းတွင်ပျံ့နှံ့လာပြီးနောက်တွင် ဇွန်ရီ ရဲတပ်ဖွဲ့က စီမံခန့်ခွဲရေးပိုင်းမှ ဝန်ထမ်းသုံးဦးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ ယင်းဝန်ထမ်းသုံးဥးမှာ ဂျို၊ ကွေ နှင့် ဟွမ်တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

“အစပိုင်းမှာ အကုန်လုံးက ပုံမှန်ပယ်။ နောက်တော့ အောင်မြင်ကြီးပွားရေး ဟောပြောတဲ့လူတွေကို ငှားလိုက်တယ်။ အဲဒီမှာ အကုန်လုံးက ကပြောင်းကပြန်ဖြစ်ကုန်တော့တာပဲ” ဟု အမည်ဖော်ပြထားခြင်းမရှိသော ဝန်ထမ်းဟောင်းတစ်ဦးက ဒေသခံ သတင်းမီဒီယာသို့ ပြောသည်။

အချို့သော ဝန်ထမ်းများကိုလည်း သတ်မှတ်ချက် ပြည့်မီအောင် မရောင်းနိုင်ခြင်းအတွက် ခေါင်းတုံးတုံး အပြစ်ပေးခံခဲ့ရကြောင်း သိရသည်။

Source: Metro

Leave a Reply