အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ကိုပြည်သူလူထု အသည်းခိုက်စေသော ရွေးကောက်ပွဲ မဲဆွယ် စကား မှာ “ပြောင်းလဲချိန်” တန်ပြီဟူ၍ ဖြစ်သည်။ ပြည်သူလူထု တစ်ရပ် လုံးက NLD ပါတီ ရွေးကောက်ပွဲ ရှစ်ဆယ် ရာခိုင်နှုန်း အနိုင်ရရန် တောင်ပြိုကမ်းပြို မဲပေးခဲ့ကြသည်။ NLD ပါတီ ကအစိုးရ တစ်ရပ် ဖွဲ့စည်း နိုင်ခဲ့ လေသည်။

editor copy

NLD ပါတီသည်ကား အစိုးရ မဖွဲ့ခင်ကတည်းက ဝန်ကြီးဌာန လျော့ချခြင်း ၊အစိုးရ ဖွဲ့စည်းပြီးသည်နှင့် လာဘ်ပေး လာဘ်ယူ ကိစ္စရပ်များ သတိပေးပြောကြားခြင်း ၊စသည့် အပြောင်း အလဲ များပြုခဲ့သည်။ ရက်တစ်ရာ စီမံကိန်းကဲ့သို့သော လူထုထံ ရောက်ရှိမည့် စီမံကိန်းများ ကို ရေးဆွဲခဲ့သည် ကိုကြိုဆိုရမည် ဖြစ်သည်။

သို့သော် ထိုအပြောင်း အလဲ သစ်ပင်ရိပ်သည်ကား လူထုထံ ရောက်ရှိစေရန် လိုအပ်ပေသည်။မြန်မာနိုင်ငံ ၏ အုပ်ချုပ်ရေးနစ် ထိုအပြောင်း အလဲ များအပေါ်အစိုးရ တာဝန်ယူထားသော အစိုးရ တာဝန်ရှိသူ များ တိုက်ရိုက်ပို့ဆောင်ရန် မဖြစ်နိုင်ပေ။
ထိုအပြောင်းအလဲ ကို ဗြူရို ကရေစီ ယန္တာရား မှတစ်ဆင့်ပြည်သူလူထု ထံပို့ပေးရခြင်း ဖြစ်သည်။ အစိုးရ သည်ကား လူထုက တောင်ပြိုကမ်းပြိုမဲပေး ၍ တက်လာသော အစိုးရဖြစ်သော်လည်း ဗြူရိုကရေစီယန္တရား သည်ကား ယခင် တပ်မတော် အစိုးရ အပါအဝင် အစိုးရ အဆက်ဆက် အသုံးပြုခဲ့သော ယန္တရားမျှသာ ဖြစ်သည်။

အစိုးရသစ် ၏ လတ်တလော ပြုပြင်ပြောင်းလဲမှု များထုတ်ပြန်ချက်အရ ဝန်ထမ်းအဖွဲ့ အစည်း များလာဘ် ပေးလာဘ်ယူမှုပပျောက်ရေး ကဲ့သို့ ပြောင်းလဲမှုများ ပါဝင်သော်လည်း ဗြူရိုကရေစီ ပြုပြင်ပြောင်း ရေး ကားပါဝင်ခြင်း ရှိမနေပေ။

ယခင်အစိုးရ အသုံးပြုခဲ့သော ဗြူရိုကရေစီ ယန္တရား သည်ကား ၁၉၇၄ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ၏ အခြေခံဥပဒေ နှင့် အတူပေါ်လာသော ယန္တရားဖြစ်၍ ဒီမိုကရေစီ စနစ်နှင့် ကိုက်ညီမှု မရှိဟု ယခင်အစိုးရ ၏ပြည်ထောင်စု ဝန်ကြီး တစ်ဦးထုတ်ဖော်ပြောဆိုဖူးသည်။
အစိုးရသစ် အနေနှင့် လုပ်ဆောင်နေသော အပြောင်း အလဲများ ပြည်နယ် များ နှင့် တိုင်းဒေသကြီးများ ရှိ လူထုထံ ရောက်ရှိစေရန် ဗြူရိုကရေစီ ယန္တရား ကိုပြန်လည်ပြင်ဆင်ပေးရန် လိုအပ်ပါသည်။

လက်ရှိ ဗြူရိုကရေစီယန္တရား ကို ယခုမြန်မာ နိုင်ငံကကျင့်သုံးနေသော ပြည်ထောင်စု စနစ်နှင့် နောင်ဖြစ်ပေါ် လာမည့် ဖက်ဒရယ်စနစ်နှင့် ကိုက် ညီသော ဗြူရို အဖြစ်ပြုပြင်ပြောင်းလဲရမည် ဖြစ်သည်။ ထိုသို့ပြောင်းလဲ ရန် အချက်သုံးချက်ကိုစဉ်းစားရန်လိုအပ်ပေလိမ့်မည်။ ယင်းတို့မှာ
၁။ ပြည်ထောင်စုစနစ် ဖွဲ့စည်းတည်ဆောက်ရေးပုံသဏ္ဌာန်၊ ၂။ပြည်သူ့ရေးရာဝန်ဆောင်မှု၊ တာဝန်ခွဲဝေရေး ပုံသဏ္ဌာန်နှင့် ၃။ အစိုးရဖွဲ့စည်း လုပ်ဆောင်မှုပုံသဏ္ဌာန်တို့ ဖြစ်သည်။

အချုပ်အားဖြင့်ဆိုရသော် နိုင်ငံတော်ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲရေး ပြုလုပ်ခြင်းနှင့်အတူ အုပ်ချုပ်ရေး၊ ပြုပြင်ပြောင်းလဲရေးပါ တစ်ပါတည်း ပြုလုပ်ရန် လိုအပ်ပြီး၊ ထိုသို့ပြုပြင် ပြောင်းလဲ ရာတွင် အုပ်ချုပ်ရေးယန္တရား အားနည်းနေမှုအား ပကတိလိုအပ်ချက် ဖြစ်သည့် တည်ဆောက် ဖွဲ့စည်းပုံပြုပြင်ခြင်း၊ လုပ်ငန်းတာဝန်များဆိုင်ရာ ဌာနများခွဲဝေမှုပြုခြင်း၊ အဖွဲ့ အစည်း၏ အရွယ်အစားနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး ပြုပြင်ခြင်း၊ အထူးသဖြင့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးမြှင့်တင်ရေး ကြိုးပမ်းခြင်းလုပ်ဆောင်ရန်လိုအပ်ပေလိမ့်မည်။

ထိုမှသာ အစိုးရ သစ်၏ အပြောင်းအလဲ သစ်ပင်ရိပ်သည် လူထုထံ ရောက်ရှိ မည်ဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။

Leave a Reply