ရေးမြို့နယ်၊ အဘော်ကျေးရွာတွင် ဧပြီ ၂၅ ရက် ညနေ ၃ နာရီခွဲခန့်က ကျားပိုက်ဖောင်၌ လုပ်ကိုင်နေသော ကျားဖောင် ရေလုပ်သားအချင်းချင်း စကားများရန်ဖြစ်ရာမှ အမေနာမည် တပ်ဆဲသည့်အတွက် ရဲဒင်းဖြစ် ခုတ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း ရေးမြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“မောင်အေးနိုင်က သူ့အမေ နာမည်တပ်ဆဲလို့ ပိုင်ဇင်သက်ကို သူဘေးမှာရှိနေတဲ့ ရဲဒင်းနဲ့ ခုတ်လိုက်တာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ရဲဒင်းဖြင့် ခုတ်သူ မောင်အေးနိုင်နှင့် အခုတ်ခံရသူ မောင်ပိုင်ဇင်သက်တို့သည် အဘော်ကျေးရွာနေ ရေလုပ်ငန်းရှင် ဦးမောင်နိုင်၏ ကျားပိုက်ဖောင်တွင် လုပ်ကိုင်နေသော ကျားဖောင်လုပ်သားများ ဖြစ်ကြကြောင်း ၎င်းက ပြောဆိုသည်။

ရဲဒင်းဖြင့် အခုတ်ခံခဲ့ရသူ မောင်ပိုင်ဇင်ထက်သည် ဂုတ်ပိုးဘယ်ဘက်ခြမ်း ဒဏ်ရာတစ်ချက်၊ ညာကျောပြင်၌ ဒဏ်ရာတစ်ချက်နှင့် ဦးခေါင်းနောက်စေ့ ဒဏ်ရာတစ်ချက်စသည့် ဒဏ်ရာများရရှိခဲ့ပြီး ရေးမြို့မဆေးရုံကြီးသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ကြောင်း ယင်းရဲစခန်းမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ကျားဖောင်လုပ်သား မောင်အေးနိုင်ကို ရေးမြို့မရဲစခန်းတွင် အမှုကြီးအမှတ်စဉ် (၄/၂၀၁၇) ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့် အရေးယူထားကြောင်း ရေးမြို့မရဲစခန်းမှတ်တမ်းအရ သိရသည်။

Written by – ခင်နန်းဌေး

Leave a Reply