ကယ်လိုဖိုးနီးယား မေ

Papa John’s ကုမ္ပဏီရဲ့ တည်ထောင်သူ ဂျွန်စကန်နက်တာဟာ ကုမ္ပဏီရဲ့ အမေရိကန်ဒေါ်လာ ၃.၈ သန်း တန်ဖိုးရှိတဲ့ ရှယ်ယာတွေကို ပထမဆုံးအကြိမ် ရောင်းချခဲ့ပါတယ်။

ရှယ်ယာအမြောက်အများကိုရောင်းချခဲ့ပေမဲ့ လက်ရှိမှာ ဂျွန်ဟာ ပိုင်ဆိုင်မှုအများဆုံး ရှယ်ယာပိုင်ရှင်ဖြစ်နေဆဲပါပဲ။

Papa John’s ပီဇာလုပ်ငန်းဟာ ပြီးခဲ့တဲ့နှစ်က ရှယ်ယာတန်ဖိုး ၂ ရာခိုင်နှုန်းအထိ ကျခဲ့ပေမဲ့ ယခုနှစ်မှာတော့ ယခင်စျေးကွက်တန်ဖိုးထက် ၁၉ရာခိုင်နှုန်းအထိ စျေးတက်လာခဲ့ပါတယ်။

စျေးကွက်ချဲ့ထွင်ဖို့အတွက် အခြားလုပ်ငန်းရှင်တွေရဲ့ အကြံဉာဏ်နဲ့ ပူးပေါင်းပါဝင်မှုတွေ လိုအပ်နေတာကြောင့် ရှယ်ယာတွေကို ရောင်းချခဲ့ရတာဖြစ်တယ်လို့ ပိုင်ရှင် ဂျွန်ကပြောပါတယ်။

အမေရိကန်ဒေါ်လာ ၃.၈သန်းတန်ဖိုးအထိ ရှယ်ယာတွေကိုရောင်းချခဲ့ပေမဲ့ ကုမ္ပဏီတည်ထောင်သူ ဂျွန်ကတော့ အမေရိကန်ဒေါ်လာ ၆.၁သန်းတန်ဖိုးရှိတဲ့ ရှယ်ယာတွေကို လက်ရှိပိုင်ဆိုင်ထားဆဲလို့ သိရပါတယ်။

ရှယ်ယာတွေရောင်းချပြီး စျေးကွက်ချဲ့ထွင်မှုအပြီးမှာ ရှယ်ယာတန်ဖိုးတွေကို ၃၃ရာခိုင်နှုန်းအထိ တိုးတက်လာဖို့ ရည်မှန်းထားပြီး တစ်နှစ်တာကာလအတွင်း အမြတ်ရနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Papa John’s ပီဇာကုမ္ပဏီဟာ ရှယ်ယာ ၃.၄သန်းဖိုးရောင်းချခဲ့ရာကနေ အမြတ်ငွေ ၁၅၇သန်းအထိ ရရှိခဲ့ပါသေးတယ်။ နောက်ထပ် ရှယ်ယာပေါင်း ၄သိန်းကျော်ကိုလည်း ခွဲဝေရောင်းချသွားဖို့ စီစဉ်နေပြီး သာမာန် ပြည်သူတွေလည်း ပါဝင်ဝယ်ယူနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

Papa’s John ပီဇာကုမ္ပဏီဟာ အမေရိနိုင်ငံမှာ အစောဆုံး အိမ်လုပ်ပီဇာဆိုင်လေးကနေ ကုမ္ပဏီလုပ်ငန်းအဖြစ် ကိုပြောင်းနိုင်ခဲ့တဲ့ လူသိများတဲ့ စားသောက်ကုန်လုပ်ငန်းဖြစ်ပါတယ်။

လုပ်ငန်းတည်ထောင်စဉ်ကနေ ယခုတိုင် တည်ထောင်သူ မိသားစုက မျိုးရိုးစဉ်ဆက် ဆက်ခံလုပ်ကိုင်ခဲ့ပြီး ဂျွန်လက်ထက်မှာ ရှယ်ယာတွေကို စတင်ရောင်းချတာဖြစ်ပါတယ်။

ရှယ်ယာတွေကို ရောင်းချပေမဲ့ မူလပိုင်ရှင်ကတော့ ဂျွန်သာဖြစ်နေဦးမှာဖြစ်ပြီး ရှယ်ယာရှင်တွေက ကုမ္ပဏီဘက်က အကျိုးအမြတ်ရလာဒ်တွေကို ခွဲဝေရနိုင်ပေမဲ့ စီမံခန့်ခွဲမှုအပိုင်းမှာတော့ ထဲထဲဝင်ဝင် ဆုံးဖြတ်နိုင်မှာ မဟုတ်ပါဘူး။

Ref: CNBC

Leave a Reply