အမေရိကန်နိုင်ငံမှာ ငါးနှစ်တာအတွင်းရောင်းအား ၆၀ ရာခိုင်နှုန်းကျော်တိုးတက်ခဲ့တဲ့ စကော့စ်ဝီစကီ

အိုင်းရစ် မတ် ၁၈

အမေရိကန်နိုင်ငံမှာ အခြားနိုင်ငံက တင်ပို့ကုန်ဖြစ်တဲ့ တူနာငါးတွေ၊ မော်တော်ဆိုင်ကယ်တွေနဲ့ စည်သွပ်ဘူးတွေရဲ့ ဈေးကွက်ဟာ ကြာရှည်သိပ်ခံလေ့မရှိပါဘူး။ ဒါပေမဲ့ ထူးထူးခြားခြား စကော့တလန်နိုင်ငံကထုတ်တဲ့ အိုင်းရစ်ဝီစကီကတော့ ငါးနှစ်တာအတွင်းရောင်းအား ၆၁ရာခိုင်နှုန်းကျော် တိုးတက်ခဲ့ပါတယ်။

အမေရိကန်နိုင်ငံရဲ့ နာမည်ကျော်ဈေးကွက်သုတေသီအဖွဲ့ မီလံနီယာရဲ့ စာရင်းထုတ်ပြန်ချက်တွေအရ ၂၀၁၈ခုနှစ်မှာ အိုင်းရစ်ဝီစကီရဲ့ရောင်းအားဟာ ရှေ့နှစ်ထက် ၉ဒသမ၄ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အမြတ်ငွေ ဒေါ်လာသန်းတစ်ထောင်ကျော်ရရှိခဲ့ပါတယ်။

၂၀၁၉ခုနှစ်အစပိုင်းမှာထုတ်ပြန်တဲ့စာရင်းအရတော့ အိုင်းရစ်ဝီစကီဟာ ငါးနှစ်တာအတွင်း ရောင်းအားစုစုပေါင်းရာခိုင်နှုန်းရဲ့ ၆၁ရာခိုင်နှုန်းအထိ တိုးတက်သွားတာကိုအံ့အားသင့်ဖွင့်သိရတယ်လို့ သုတေသီအဖွဲကရဲ့ ပြောရေးဆိုခွင့်ရှိသူ မစ္စတာဒေးဗစ်အိုဂိုကပြောပါတယ်။

အခြားနိုင်ငံတွေက ဝင်တဲ့ ဝီစကီတွေရှိပေမဲ့ အိုင်းရစ်ဝီစကီလိုတော့ ဈေးကွက်ကိုစံချိန်ချိုးပစ်နိုင်တဲ့ ကုန်ပစ္စည်းမရှိသေးဘူးလို့ ဒေးဗစ်ကရှင်းပြပါတယ်။

အမေရိကန်နိုင်ငံရဲ့ သွင်းကုန်ထုတ်ကုန်ဥပဒေအရ ပြင်ပမှဝင်လာတဲ့ ကုန်ပစ္စည်းတွေဟာ
ပြည်တွင်းထုတ်ကုန် ထက် နှစ်ဆနီးပါး အခွန်ငွေပေးသွင်းရတာကြောင့် နာမည်အကြီးဆုံးကုန်ပစ္စည်းတွေတောင်မှ ရာခိုင်နှုန်းတော်တော်များများ မြတ်တယ်ဆိုတာ မရှိသလောက်ရှားပါတယ် ။ ဒီလိုအနေအထားမှာ အိုင်းရစ်ဝီစကီက ဘာကြောင့် ဈေးကွက်ကိုစံချိန်ချိုးပစ်နိုင်သလဲဆိုတာကို သုတေသီတွေက လေ့လာကြရာက ကုမ္ပဏီဟာ ထုတ်ကုန်တွေကို ဈေးကွက်ကိုပို့ဆောင်ရာမှာ deliveryအခမဲ့ပေးပို့တာနဲ့ ကုန်ပစ္စည်းအဝင်အထွက်ကို အမြဲ သတိထားပြီးထိန်းသိမ်းတာကြောင့်ဆိုတာ သိလာရပါတယ်။

ဝယ်ယူသူတွေအပေါ်ထားတဲ့စေတနာကြောင့် ယနေ့တိုင် ရပ်တည်နိုင်ခဲ့တာဖြစ်တယ်လို့ အိုင်းရစ်ဝီစကီမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ မစ္စတာနာဘယ်က ပြောပါတယ်။

အမေရိကန်လိုနိုင်ငံမျိုးမှာ ဒီလိုအားပေးမှုမြင့်တဲ့ ထုတ်ကုန်ကို တင်သွင်းခွင့်ရတာကို ဂုဏ်ယူမဆုံးဖြစ်ရတယ်လို့ သူကပြောပါတယ်။

သုတေသနပြုချက်တွေအရ အမေရိကန်နိုင်ငံရဲ့ ဝီစကီသောက်သူ ၁၃ယောက်မှာ ၁၀ယောက်ဟာ အိုင်းရစ်ဝီစကီကို သောက်ကြလေ့ရှိတယ်လို့ သိရပါတယ်။

CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.