(ဓါတ်ပုံ အညွှန်း – ဖို့ဝိန်းမြို့နှင့် မော်လမြိုင်မြို့ကို ညီအစ်မမြို့အဖြစ် သက်မှတ်ပြီးနောက် နှစ်ဖက်အစိုးရတို့ မှတ်တမ်းဓါတ်ပုံရိုက်နေစဉ်)

မော်လမြိုင်၊ ဖေဖော်ဝါရီ ၄ ။ ။ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် Fort Wayne (ဖို့ဝိန်း) မြို့နှင့် မွန်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မော်လမြိုင်မြို့ကို ညီအစ်မမြို့တော်အဖြစ် မွန်ပြည်နယ်အစိုုးရရုံး အောင်ဆန်းခန်းမတွင် ဖေဖော်ဝါရီ ၄ ရက်က နှစ်နိုင်ငံသဘောတူညီမှု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

(ဓါတ်ပုံ အညွှန်း – ဖို့ဝိန်းမြို့နှင့် မော်လမြိုင်မြို့ကို ညီအစ်မမြို့အဖြစ် သက်မှတ်ပြီးနောက် နှစ်ဖက်အစိုးရတို့ မှတ်တမ်းဓါတ်ပုံရိုက်နေစဉ်)
(ဓါတ်ပုံ အညွှန်း – ဖို့ဝိန်းမြို့နှင့် မော်လမြိုင်မြို့ကို ညီအစ်မမြို့အဖြစ် သက်မှတ်ပြီးနောက် နှစ်ဖက်အစိုးရတို့ မှတ်တမ်းဓါတ်ပုံရိုက်နေစဉ်)

“သမ္မတကြီးကလည်း အားပေးတယ်၊ မွန်ပြည်နယ်က လူတော်တော်များများလည်း ဖို့ဝိန်းကိုရောက်နေကြတယ်၊ အဲတာကြောင့် အဲဒီက ကလေးတွေပဲ အချိတ်အဆက်လုပ်ပြီးတော့ မွန်ပြည်နယ်ဖွံ့ဖြိုးဖို့အတွက် ဆောင်ရွက်ဖို့ ကြိုးစားကြတာ အောင်မြင်သွားပြီဖြစ်တယ်” ဟု ဦးအုန်းမြင့်က ဟင်္သာမီဒီယာသို့ ပြောသည်။

ညီအမမြို့အဖြစ် ဆောင်ရွက်လိုက်ခြင်းအားဖြင့် အမေရိကန်၊ ဖို့ဝိန်းမြို့မှ နည်းပညာနှင့် အတွေ့အကြုံများကို မွန်ပြည်နယ်၏ လိုအပ်သည့်နေရာများတွင် အသုံးပြုကာ ယခုထက်ပိုမိုတိုးတက်စေရန် ကြံဆောင်နိုင်မည့် အလားအလာများရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အခုဒီကို လာရတာကတော့ ပထမအနေနဲ့ ဒီမြို့မှာရှိနေတဲ့ အခက်အခဲတွေကို နားထောင်ဖို့ ဖြစ်ပါတယ်၊ ပြီးရင် ကျွန်တော်တို့ ယူလာတဲ့နည်းပညာတွေ စက်ပစ္စည်းတွေကို အသုံးပြုပြီး ရလာတဲ့ အကျိုးသက်ရောက်မှုတွေကို ကြည့်ချင်လို့ ဖြစ်ပါတယ်”ဟု ထိုအခမ်းအနားသို့ လက်မှတ်ရေးထိုးရန် တက်ရောက်လာသည့် ဖို့ဝိန်းမြို့မှ ကိုယ်စားလှယ် တစ်ဦးက ပြောသည်။

မော်လမြိုင်မြို့တွင်ရှိသည့် အသိပညာရှင်များ အတတ်ပညာရှင်များနှင့် ပူးပေါင်းကာ မြို့တော်ကြီး ပိုမိုတိုးတက် လာစေရန်နှင့် လိုအပ်သည့်နေရာများတွင် ပညာပေးကဏ္ဍများ ထည့်သွင်း၍ ညီအစ်မမြို့ကို ရေရှည်တည်မြဲရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မော်လမြိုင်မှ ကျောင်းသားများကို ၂ဝ၁၇ မှစတင်ကာ ဖို့ဝိန်းသို့ ပညာရေးအခန်းကဏ္ဍနှင့်ပက်သက်၍ လေ့လာမှုများ ပြုလုပ်နိုင်စေရန် ခေါ်ယူလိုကြောင်းလည်း ၎င်းက ထပ်လောင်းပြောဆိုသည်။

ဖို့ဝိန်းမြို့နှင့် ဂျာမနီနိုင်ငံမှ ဂီရာ (Gera) မြို့၊ တရုတ်နို်င်ငံမှ ထိုင်ဇုန်း (Taizhou) မြို့၊ ပိုလန်နိုင်ငံမှ ပလော့ခ် (Plock) မြို့နှင့် ဂျပန်နိုင်ငံမှ တကအိုက (Takaoka) မြို့တို့ ဆက်စပ်ကာ မော်လမြိုင်မြို့ကို ပဥ္စမမြောက် ညီအမမြို့အဖြစ် သတ်မှတ်ထားသဖြင့် မွန်ပြည်နယ်သည် ၎င်းတို့ယဉ်ကျေးမှု၊ နည်းပညာနှင့် အတွေ့အကြံုများ ဖလှယ်နိုင်မည်ဖြစ်ပြီး ပိုမိုကျယ်ပြန့်လာနိုင်ဖွယ်ရှိကြောင်း မွန်ပြည်နယ်ဝန်ကြီးချူပ်ဦးအုန်းမြင့်က ဆက်လက် ပြောဆိုခဲ့သည်။

Leave a Reply