FILE PHOTO: A Smart concept autonomous car Vision EQ fortwo model is pictured at Brussels Motor Show, Belgium, January 18, 2019. REUTERS/Francois Lenoir/File Photo

ဂျာမနီ၊ ဧပြီ ၃၀

လျှပ်စစ်အော်တိုကားတွေ ထုတ်လုပ်ပြီးကမ္ဘာကျော်လာတဲ့ Daimler ကုမ္ပဏီဟာ မီနီလျှပ်စစ်ကားအသေးတွေကို ထုတ်လုပ်ပြီး အမေရိကန်နဲ့ ကနေဒါတို့မှာ ဖြန့်ချိသွားတော့မယ်လို့ ဧပြီလ ၃၀ရက်နေ့မှာ ကြေညာပါတယ်။

ဂျာမနီနိုင်ငံအခြေစိုက် အော်တိုကားထုတ်လုပ်တဲ့ကုမ္ပဏီ Daimlerရဲ့ မီနီလျှပ်စစ်ကားကို အမေရိကန်နဲ့ ကနေဒါကို ပို့မယ့် ခြေလှမ်းသစ်ဟာ ဂျာမနီရဲ့ လျှပ်စစ်ကားထုတ်လုပ်မှုစျေးကွက်ကို အထိုက်အလျှောက် မြှင့်တင်ပေးနိုင်မယ်လို့ ယုံကြည်ထားတယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါသေးတယ်။

ဒီနောက်ဆုံးထွက်တဲ့ မော်ဒယ်ကိုတော့ ဒိုင်မာအေဂျီလို့ နာမည်ပေးထားတယ်လို့ သိရပါတယ်။

အသစ်ထုတ်လုပ်တဲ့ မီနီလျှပ်စစ်ကားဟာဆိုရင် ကျစ်လစ်တဲ့ စတိုင်နဲ့ ဒီဇိုင်းအပြင် ကားပါကင်အကြပ်အတည်းကို လျော့ကျစေခြင်းကိုလည်း အထောက်အပံ့ပေးနိုင်တယ်လို့ ကုမ္ပဏီဘက်က ပြောပါတယ်။

လက်ရှိမှာတော့ မီနီကား အစီးပေါင်း ၉၀ခန့်ကို အမေရိကန်ကို မတ်လအတွင်းမှာ စတင်စမ်းသပ်ရောင်းချခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

စျေးကွက်စမ်းသပ်မှုအရ လွန်ခဲ့တဲ့ ၃နှစ်ခန့်မှာ အမေရိကန်ရဲ့ စီးပွားရေးလုပ်ငန်းတွေဟာတိုးတက်လာပြီး ကုန်တင်ကားအကြီးတင်ပို့မှုနဲ့ လျှပ်စစ်ကားစျေးကွက်ဟာလည်း အလွန်ကို လူကြိုက်များလာပါတယ်။

ဒါကြောင့် အခုမှစတင်တဲ့စျေးကွက်ကို ချိုးဖောက်ဖို့ ကမ္ဘာ့နိုင်ငံတွေထဲက အမေရိကန်နဲ့ ကနေဒါကိုရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကေြပာပါတယ်။

ယခင်က ရောင်းချခဲ့တဲ့ အားအပြည့်သွင်းထားတဲ့ မီနီလျှပ်စစ်ကားဟာ ၅၈မိုင်အထိမောင်းနှင်နိုင်ပါတယ်။ ယခု အသစ်ဖြန့်ချိမယ့် မော်ဒယ်ကတော့ မိုင်ပေါင်း ၂၆၄မိုင်အထိ မောင်းနိုင်မှာဖြစ်ပြီးတော့ ဆိုင်တွေမှာ အားသွင်းတဲ့အခါ မိနစ် ၂၀သာကြာမှာဖြစ်ပြီး အိမ်မှာအားသွင်းရင်တော့ ၄နာရီခန့်ကြာမယ်လို့ သိရပါတယ်။

Daimler ကားကုမ္ပဏီဟာ လျှပ်စစ်အော်တိုကားတွေကို ၂၀၁၇ခုနှစ်မှာ စတင်ဖြန့်ချိခဲ့တာဖြစ်ပါတယ်။

Ref: CNA

Leave a Reply