အမေရိကန်သမ္မတ ရွေးကောက်ပွဲ Starbucks ဥက္ကဋ္ဌဟောင်း သူဌေး ဝင်ရောက်ယှဉ်ပြိုင်မည်

နယူးယောက် ဖေဖော်ဝါရီ ၇

Starbucks ရဲ့ ဥက္ကဌဟောင်းတစ်ဖြစ်လဲ သန်းကြွယ်သူဌေးကြီးဟော့ဝပ်စကူဒ်ဟာ လာမယ့် ၂၀၂၀မှာ အိမ်ဖြူတော်ကို ဝင်ရောက်နိုင်ဖို့ ရွေးကောက်ပွဲဝင်ပြီးသမ္မတအဖြစ် ရွေးချယ်ခံသွားမယ်လို့ ဆုံးဖြတ်ထားတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သတ်ပြီး သူရဲ့ ကိုယ်ရေးအရာရှိ တက်ကာဝါရန်က တကယ်လို့ စကူဒ်ဟာ သမ္မတအဖြစ် ရွေးချယ်ခံမယ်ဆိုရင်တော့ အမေရိကန်ရဲ့ စီးပွားရေးအဆင့်အတန်းဟာ ယခင်လို့ ကမ္ဘာလို လွှမ်းခြုံနိုင်မယ့် သဘောရှိတယ်လို့ ပြောပါတယ်။

စကူဒ်ဟာ စတားဘတ်ကုမ္ပဏီရဲ့ တစ်ဦးတည်းသော ရှယ်ယာအများဆုံးပိုင်ရှင်ဖြစ်ပြီး သူပိုင်ဆိုင်တဲ့ရှယ်ယာဟာ အမေရိကန်ဒေါ်လာသန်းပေါင်း ၃၇,၀၀၀ရှိနေပါတယ်။ စကုဒ်ဟာ လစဉ်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃၅၀၀သန်းဝင်နေတယ်လို့ မီဒီယာတွေက ဖော်ပြဖူးပါတယ်။

စကူဒ်ရဲ့ပြောရေးဆိုခွင့်ရှိသူက စကူဒ်ဟာ ရွေးကောက်ပွဲကို ဘယ်လိုဝင်မယ်ဆိုတဲ့အသေးစိတ်အချက်အလက် တွေကို ပြောဆိုဖို့ ငြင်းခဲ့ပါတယ်။ ဒါပေမဲ့ တစ်သီပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့သတင်းကိုတော့ အတည်ပြုပေးခဲ့ပါတယ်။ ဒီသတင်းကြောင့် Starbucksရဲ့ ရှယ်ယာတွေဟာ ရုတ်တရက်ဈေးတွေတက်သွားခဲ့ ရပါတယ်။

တကယ်လို့ သူက ဒီလို နိုင်ငံရေးကစားပွဲမှာ ကိုယ်တိုင်တစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်လာမယ်ဆိုရင်တော့ နောက်ကွယ်မှာ စတော့ရှယ်ယာတွေနဲ့ပတ်သတ်ပြီး သဘောတူညီချက်တစ်ခုခု ရှိနေလောက်တယ်လို့ အမေရိကန် ဘဏ်လုပ်ငန်းရှင်နှင့် စီးပွားရေးပညာရှင် ခရစ်တိုဖာဝါလန်က သုံးသပ်ပါတယ်။

ရွေးကောက်ပွဲဝင်ဖို့ ကိုယ်ပိုင် ရှေ့နေအဖွဲ့တွေ၊ အကြံပေးချက်တွေ အခုကတည်းက ထားရှိထားသင့်ပြီး အသင်းဖွဲ့ ကောင်းကောင်းနဲ့ ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေကိုလှုပ်ရှားဖို့ လုပ်သင့်ပြီလို့ သူက အကြံပေးထားပါသေးတယ်။

စကူဒ်ဟာ ရွေးကောက်ပွဲဝင်မယ့် အကြံကြောင့် Starbucksဥက္ကဋ္ဌနေရာကို ရာထူးမှ ရပ်နားခဲ့တာဖြစ်ပြီး အခုအချိန်ထိ ဥက္ကဋ္ဌတာဝန်ကို လူအသစ်ကိုမလွှဲရသေးပါဘူး။ နီးစပ်တဲ့သူတစ်ဦးဦးကို ဥက္ကဋ္ဌအဖြစ် ဆက်ခံခွင့် ပေးပြီး ရွေးကောက်ပွဲကို အထောက်အပံ့ပြုခိုင်းမယ်လို့ သတင်းတွေလည်း ထွက်နေပါသေးတယ်။

CNN

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.