WASHINGTON, DC - JANUARY 23: (AFP OUT) U.S. President Donald Trump signs the last of three Executive Orders in the Oval Office of the White House in Washington, DC on Monday, January 23, 2017. These concerned the withdrawal of the United States from the Trans-Pacific Partnership (TPP), a US Government hiring freeze for all departments but the military, and "Mexico City" which bans federal funding of abortions overseas. (Photo by Ron Sachs - Pool/Getty Images) 694681111

ဝါရှင်တန်ဒီစီ မေ ၂၄

အမေရိကန်လယ်သမားများကို ကူညီမည့် ဒေါ်လာ ၁၆ ဘီလီယံ တန်ကြေးရှိ အကူအညီပေးရေးအစီအစဉ်တစ်ရပ်ကို အမေရိကန်အစိုးရ ကြေညာသည်။

ထောက်ပံ့ပေးမည့် အစီအစဉ်မှာ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွား နေချိန်အတွင်း အမေရိကန်လယ်သမားများ၏ ငွေကြေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုး လျော့ပါးစေရန် ရည်ရွယ်သည်။

တရုတ်နိုင်ငံမှာ အမေရိကန် လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များအတွက် အဓိက ပို့ကုန်ဈေးကွက်တစ်ခုဖြစ်သည်။

နှစ်နိုင်ငံကြား ကုန်သွယ်မှုပဋိပက္ခမှာ အချိန်ကြာမြင့်စွာ ဖြစ်ပွားနိုင်သည်ဆိုသော စိုးရိမ်ပူပန်မှုများ မြင့်တက်လျက်ရှိသည်။

“ဒေါ်လာ ၁၆ ဘီလီယံရှိတဲ့ ရန်ပုံငွေတွေက လယ်ယာ လုပ်ငန်းတွေရှင်သန်ဖို့ အထောက်အပံ့ဖြစ်စေ မှာဖြစ်ပြီး ဘယ်တိုင်းပြည်ကမှ အမေရိကန်ရဲ့ စီးပွားရေးနဲ့ အမျိုးသားလုံခြုံရေးအပေါ် ဗီတို အာဏာသုံးလို့မရဘူးဆိုတာ သိသာစေမှာ ဖြစ်ပါတယ်”ဟု အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က ပြောသည်။

နိုင်ငံပိုင်လုပ်ငန်းများကို ထောက်ပံ့ကြေး များ ပံ့ပိုးပေးခြင်းအတွက် ဒေါ်နယ်ထရန့်က တရုတ်နိုင်ငံကို ဝေဖန်ပြစ်တင်လျက်ရှိသည်။

သို့သော် ယခုအကူအညီပေးရေးအစီအစဉ် မှာ ပြီးခဲ့သည့်နှစ် ဩဂုတ်လအတွင်း ဆောင်ရွက်ခဲ့သည့် အလားတူ အစီအစဉ် တစ်ခုပုံစံဖြစ်ပြီး လယ်သမားများ၏ထုတ်ကုန် များကို အစိုးရက ဝယ်ယူခြင်းနှင့် လယ်သမား များ ဖြန့်ဖြူးရေးလမ်းကြောင်းသစ်များရရှိရေး ကို အစိုးရက ကူညီရန်တို့ပါဝင်သည်။

ထို့အပြင် ယခုအစီအစဉ်မှာ လာမည့်နှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ လယ်သမား များ၏ထောက်ခံမှုကို ထိန်းသိမ်းမည့် ထရန့်၏ ကြိုးပမ်းမှုလည်းဖြစ်သည်။

Ref: CNN

Leave a Reply