Advertisements

ဝါရှင်တန် မတ် ၂၇

အမေရိကန်အာကာသယာဉ်မှူးများ လကမ္ဘာသို့ လာမည့်ငါးနှစ်အတွင်း ပို့ဆောင်ရန် အစီအစဉ်တစ်ရပ်ကို အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က မတ်လ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

အလက်ဘားမားပြည်နယ် ဟန်စ်ဗီလီမြို့တွင် ကျင်းပခဲ့သည့် အမေရိကန်အမျိုးသားအာကာသကောင်စီအစည်းအဝေး၌ ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံအနေဖြင့် ၁၉၆၀ ပြည့်နှစ်က ကြိုးပမ်းခဲ့သည့်အတိုင်း လာမည့်ငါးနှစ်တွင် လကမ္ဘာသို့ အာကာသယာဉ်မှူးများ ထပ်မံစေလွှတ်မည် ဖြစ်သည်ဟု မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် ၂၀ ရာစုအတွင်းတွင် လက္ဘာသို့ ရောက်ရှိခဲ့သည့် ပထမဆုံးနိုင်ငံဖြစ်ခဲ့သည်။ ယခု ၂၁ ရာစုတွင်လည်း လကမ္ဘာ သို့ အာကာသ ယာဉ်မှူးများ ပြန်လည်ပို့ဆောင်မည့် ပထမဆုံးနိုင်ငံဖြစ်လာမည်ဖြစ်သည်။

အစီအစဉ်ကိုအကောင်အထည်ဖော်ရန် စမ်းသပ်လေ့လာမှုများစဉ်ဆက်မပြတ်လုပ်ဆောင်နေပြီး ပို့ဆောင်မည်အချိန်မှသာလျှင် ထုတ်ပြန်ကြေညာချပြမည်ဖြစ်ကြောင်း ၊ ကနဦးတွင် လျှို့ဝှက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်အာကာသယာဉ်မှူးများ လကမ္ဘာသို့သွားရောက်ကာ သုတေသနပြုနိုင်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ပြန်ကြားချက်နှင့်အညီ အစိုးရအဖွဲ့က ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောသည်။

NHK

Advertisements
<

Leave a Reply