နယူးယောက် ဖေဖော်ဝါရီ ၂၄

နယူးယောက်အခြေစိုက်၊ အမေရိကန်ရဲ့ အထင်ကရ စက်သုံးဆီကုမ္ပဏီ BlackRock ဟာ အာရပ် နိုင်ငံပိုင် Abu Dhabi ကုမ္ပဏီနဲ့ ဒေါ်လာ၄သန်းတန် ပူးပေါင်းရင်းနှီးမြှုပ်နှံမှု စာချုပ်ကို တနင်္ဂနွေနေ့မှာ လက်မှတ်ရေးထိုးပြီး အရှေ့အလယ်ပိုင်းမှာ လောင်စာဆီ တရားဝင် ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်ပါတယ်။

သဘောတူညီချက်အရ လောင်စာဆီပိုက်လိုင်းကို အာရပ် နိုင်ငံပိုင် Abu Dhabi ကုမ္ပဏီဘက် က ထောက်ပံ့ပေးမှာဖြစ်ပြီး စီမံခန့်ခွဲမှုအပိုင်းကိုတော့ ကုမ္ပဏီ နှစ်ဖက်လုံးက ပူးတွဲလုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

ဒီသဘောတူညီချက်ရဲ့ အောက်မှာADNOC အပါအဝင် ပိုက်လိုင်း ၁၈လိုင်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး နယ်စပ်ဒေသတွေကို ဖြတ်ကျော်ပို့ဆောင်သွားမှာဖြစ်တယ်လို့ ကုမ္ပဏီဘက်က ထုတ်ပြန်ပါတယ်။

ADNOC ဟာ လုပ်ငန်းရဲ့ ၆၀ရာခိုင်နှုန်းကို ထိန်းချုပ်သွားမှာဖြစ်ပြီး ကျန် ၄၀ရာခိုင်နှုန်းကိုတော့ BlackRock ဘက်က တာဝန်ယူသွားမှာပဲ ဖြစ်ပါတယ်။

Abu Dhabi ကုမ္ပဏီဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ကမ္ဘာ့စက်သုံးဆီဈေးကွက်အထိ ပို့ဆောင်နိုင်တာကြောင့် ပူးပေါင်းလက်တွဲဖို့ ဆုံးဖြတ်ခဲ့တယ်လို့ BlackRock ရဲ့ စီအီးအို လာရီဖလင့်က ပြောပါတယ်။

Abu Dhabi ဟာ ကမ္ဘာ့စင်မြင့်ပေါ်က ဈေးကွက်ကစားပွဲထဲကို ဝင်ရောက်လာပါပြီ။ ဒါပေမဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုတွေနဲ့ ပတ်သတ်ပြီး ဒီထက်ပိုပြီးတော့ ပွင့်လင့်မြင်သာပေးဖို့ တော့ လိုတယ်လို့ မြင်မိတယ်လို့ စီးပွားရေးသုံးသပ်သူ ဟက်ဒလေဂန်ဘဲက ပြောပါတယ်။

ဒီပူးပေါင်းရင်းနှီးမြှုပ်နှံမှုဟာ ပိုက်လိုင်းတွေကနေတစ်ဆင့် ဈေးကွက်နဲ့ အမြတ်အစွန်းဆိုင်ရာ တည်ငြိမ်မှုရှိအောင် ထိန်းထားနိုင်မယ်လို့ စီအီးအို လာရီဖလင့်က ဖြည့်စွက်ပြောပါတယ်။

BlackRock ကုမ္ပဏီဟာ ၂၀၁၈ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၆ဒသမ ၄ ထရီလီယံအထိ တန်ဖိုးတက်ခဲ့ပြီး ကမ္ဘာ့ ထိပ်တန်း စွမ်းအင်ထုတ်လုပ်တဲ့ ကုမ္ပဏီအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

CNBC

Leave a Reply