အမေရိကန် Harry’s ကုမ္ပဏီ အမျိုးသမီးသုံး သင်တုန်းဓား စတင်ထုတ်လုပ်

နယူးယောက် ဖေဖော်ဝါရီ ၆

အမျိုးသားများအတွက် တစ်ကိုယ်ရည် အသုံးအဆောင် ပစ္စည်းတွေ ထုတ်လုပ်တဲ့ အမေရိကန်အခြေစိုက် နာမည်ကြီး ကုမ္ပဏီ Harry’s ဟာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးတွေအတွက် အဓိကထားပြီး တစ်ကိုယ်ရည်သုံး သင်တုန်းဓားတွေ ဒီသီတင်းပတ်မှာ စတင်ထုတ်လုပ်ဖြန့်ချိပါတယ်။

ဒီ သင်တုန်းဓားတွေကိုတော့ ကြိုးကြာ (Flamingo) လို့ နာမည်ပေးထားပြီး အမျိုးသမီးတွေ တစ်ကိုယ်ရည် အသုံးအဆောင်တစ်ခုအဖြစ် အဓိကထားထုတ်လုပ်သွားမယ်လို့ သိရပါတယ်။

Harry’s ထုတ်တဲ့ သင်တုန်းဓားတွေ၊ မုတ်ဆိတ်ရိတ်စက်တွေနဲ့ အမျိုးသားတစ်ကိုယ်ရည်သုံးပစ္စည်းတွေဟာ အမေရိကန်သာမက ကမ္ဘာတစ်ဝှမ်း ဈေးကွက်တွေမှာပါ အထူးကျော်ကြားတာကြောင့် အသစ်ထုတ်လုပ်မဲ့ ကြိုးကြာတံဆိပ် သင်တုန်းဓားတွေ ကလည်း အမျိုးသမီထုအကြားရေပန်းစားမဲ့ အမှတ်တံဆိပ် တစ်ခုဖြစ်လာမယ်လို့ ကုမ္ပဏီဘက်က မျှော်မှန်းထားပါတယ်။

ထုတ်ကုန်တွေကို အမေရိကန်နိုင်ငံမှာရှိတဲ့ မြို့ပေါင်း ၁၈၀၀ကျော်ကို ကနဦး ပို့ဆောင်သွားမှာဖြစ်ပြီး ကမ္ဘာ့ဈေးကွက်ကိုလည်းထိုးဖောက်နိုင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ ဒီ သင်တုန်းဓားတွေ ကိုတော့ ယခုအပတ် တနင်္လာနေ့ကတည်းက ဈေးကွက်မှာ စတင် ဖြန့်ချိထားပြီး ဖြစ်ပါတယ်။ ထုတ်လုပ်စမှာပဲ လူစိတ်ဝင်စားမှုများခဲ့ပြီး အများအပြား ဝယ်ယူမှုတွေရှိခဲ့တာကြောင့် ဒါဟာ အမျိုးသမီးတွေနဲ့ တွဲလျက်ရှိလာမဲ့ အမှတ်တံဆိပ်တစ်ခုဖြစ်လာနိုင်မယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

“ကျမတို့ ထုတ်ကုန်တွေကို အဓိကဝယ်ယူမဲ့ ဈေးဝယ်သူတွေက အပတ်စဉ်ဈေးဝယ်ထွက်တဲ့အခါ မျိုးမှာ မဖြစ်မနေ ဝယ်ဆောင်ရမဲ့ ပစ္စည်းတစ်ခုအဖြစ် ကြိုးကြာနီ သင်တုန်းဓားကို သတိရလာကြမယ်”လို့ Harry’s ကုမ္ပဏီဘက်က ပြောရေးဆိုခွင့်ရှိသူ အယ်လီမယ်နစ်က ပြောပါတယ်။

သူမက ဒီလိုပြောဆိုနိုင်ဖို့အတွက် ကုမ္ပဏီဘက်က ပြုစုထားတဲ့ စစ်တမ်းနဲ့ ဈေးကွက်သုတေသန ရလဒ်တွေကို အခြေခံခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ ကုန်သွယ်ရေးစစ်ပွဲကာလအတွင်းမှာ တရုတ်ဘက်က သွင်းကုန်တွေကို လက်မခံဖို့ အမေရိကန်က ရပ်ပစ်ခဲ့တာကြောင့် လိုအပ်ချက်ရှိတဲ့ ထုတ်ကုန်တွေကို အမေရိကန်ကုမ္ပဏီတွေက အစားထိုး ထုတ်လုပ်ခဲ့ကြတာဖြစ်ပါတယ်။

ယခင်က အမေရိကန်နိုင်ငံမှာ အမျိုးသမီးသုံး သင်တုန်းဓားကို တရုတ်နဲ့ အာရှနိုင်ငံတွေဘက်က အဓိက တင်သွင်းကြပြီး ယခု ဒေသတွင်းကုမ္ပဏီက ထုတ်လုပ်တာကြောင့် ပစ္စည်းပြတ်လပ်မှာနဲ့ ပြည်ပဈေးကွက် ဈေးကစားတာကို မခံရတော့ဘူးလို့ အမေရိကန် စီးပွားရေးပညာရှင်တွေက ပြောပါတယ်။

CNBC

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်

This site uses Akismet to reduce spam. Learn how your comment data is processed.