အများပိုင် Commons ဆိုတာဘာလဲ။

အများပိုင်ဆိုတာ ပုဂ္ဂလိကပိုင်မဟုတ်၊ အစိုးရပိုင် (အစိုးရလက်အောက်က နေရာ၊ ဌာန၊ အရာဝတ္ထုတွေ) မဟုတ်တဲ့အရာတွေကို ခေါ်တယ်။ဘုံပိုင်လို့အဓိပ္ပာယ်ရပေမယ့် ရှေးရှေးကခေတ်စားခဲ့တဲ့ ကွန်မြူနစ်ဘုံဝါဒနဲ့မတူပြန်ဘူး။ သယံဇာတစီမံအုပ်ချုပ်ပုံစနစ် တစ်ခုသာဖြစ်တယ်။

(၁) အများပိုင်တွေထဲမှာ ဒါတွေပါနိုင်တယ်။

သတ္တလောကထဲကအရာတွေတော့ – လေထု၊ ရေထု၊ သစ်ပင်တွေရဲ့ ဖိုတိုဆင်းသစစ်လို့ခေါ်တဲ့ အစာချက်လုပ်ပြီး လူတွေအတွက် အောက်ဆီဂျင်ထုတ်ပေးတဲ့ဖြစ်စဉ်၊မိခင်ကမ္ဘာမြေကြီး၊ လျှပ်စစ်သံလိုက်လှိုင်းများ၊ DNA, ဓာတ်သတ္တုများ၊ တိရစ္ဆာန်တွေ၊ အပင်တွေ၊ ပဋိဇီဝဖြစ်စဉ်တွေ၊ သမုဒ္ဒ
ရာကြီးတွေ၊ ငါးဖမ်းလို့ရတဲ့မြစ်ချောင်းတွေ၊ တိတ်ဆိတ်ငြိမ်သက်ခြင်းတွေ၊ အဏ္ဏဝါဇီဝတွေ၊ ဗွက်တောတွေ၊ စိမ့်မြေနဲ့ သစ်တောတွေ၊ အင်းအိုင်ကြီးတွေ၊ နေရဲ့လင်းရောင်ခြည်နဲ့ အနွေးဓါတ်၊ လေစွမ်းအင်နဲ့မျိုးစေ့တွေ အစရှိတာတွေ ပါဝင်နိုင်တယ်။ ယဉ်ကျေးမှုထဲက အများပိုင်တွေကတော့

– ဘာသာစကားတွေ၊ ဒဿနအတွေးအခေါ်တွေ၊ ရူပဗေဒသဘော တရားတွေ၊  ဂီတတူရိယာတွေ၊ ဂန္တဝင်သီချင်းကြီးတွေ၊ဂျက်ဇ်ဂီတာ၊ ဘဲလေးအက၊ ဟစ်ပေါ့ဂီတ၊ နက္ခဗေဒပညာ၊ လျှပ်စစ်ဓာတ်အား၊ အင်တာနက်၊ ရေဒီယိုလှိုင်းတွေ၊ ဆေးဝါး၊ ဇီဝဗေဒ၊ ဘာသာတရား၊ သင်္ချာပညာ၊ ဓါတုဗေဒ၊ အများသုံးနိုင်အောင်အလကားပေးထားတဲ့ ကွန်ပျူတာဆော့ဝဲ အစရှိတာတွေပါဝင်တယ်။ရပ်ရွာနဲ့သက်ဆိုင်တဲ့အများပိုင်တွေထဲမှာတော့ – လမ်းတွေ၊ အားကစားကွင်းတွေ၊ လူတွေ ရေးဆွဲသတ်မှတ်ထားတဲ့ ပြက္ခဒိန်၊ တက္ကသိုလ်တွေ။ ပြတိုက်တွေ၊ စာကြည့်တိုက်၊ လူမှုဖူလုံ
ရေးပြဋ္ဌာန်းချက်တွေ၊ ဥပဒေ၊ စတော့ရှယ်ယာစျေးကွက်၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ငွေသား၊ စိုက်ပျိုးရေးပစ္စည်းရောင်းချရာစျေးတန်း၊ ငါးရက်တစ်စျေး၊ အများပြည်သူအားလပ်ရက် အစရှိတာတွေဟာ လူတွေဖန်တီးပြီးလူတွေက စောင့်ရှောက်ထားတဲ့ Commons တွေဖြစ်တယ်။

(၂) အများပိုင်ကို အများပိုင်မှန်းဘယ်လိုသိနိုင်မလဲ

ဆိုရှယ်လစ်အစိုးရလက်ထက်က ပြည်သူပိုင်နဲ့ ဘယ်လိုကွာသလဲ။ အများပိုင်လို့ပြောနိုင်တာမိမိအနီး ပတ်ဝန်းကျင်မှာ ဘာတွေရှိသလဲ။ ဒီဥပမာနဲ့ ရှင်းပြပါရစေ။ “မြစ်ကြောင်းရှည်ကြီးတစ်လျှာက်ခရီးဝေးဝေးသွားတဲ့ သင်္ဘောတစ်စီီးပေါ်မှာ အိပ်စင်ခန်းတွေသာပါသတဲ့။ သို့သော် အိပ်စင်
တွေရဲ့အပြင်ဘက် သင်္ဘောဦးတစ်နေရာမှာ  အများသူငါခရီးသွားများ ခဏတဖြုတ်နားနေနိုင်အောင် ကျောဆန့်ခြေဆန့်ဖို့ရာ ပက်လက်ကုလားထိုင်များ ချထားပါသတဲ့။ ဒီပက်လက်ကုလားထိုင်တွေကို သင်္ဘောတစ်စီးလုံးက ခရီးသည်မည်သူမဆိုလာထိုင်နိုင်ပါတယ်။

တစ်ယောက်ယောက်ကထိုင်နေရာကထသွားရင်လည်း ဒီနေရာကငါ့ကုလားထိုင်လို့သတ်မှတ်ထားလေ့မရှိကြပါဘူးတဲ့။ တစ်ယောက်ကိုတစ် ယောက်အလှည့်ပေးလို့ ခဏလေးထသွားမယ်ဆိုရင်တောင်သူတပါးကိုညှာတာသောအားဖြင့် နေရာအမှတ်အသားလုပ်တာမျိုး၊ မိမိပစ္စည်းတွေ
တင်ပြီးနေရာဦးခဲ့တာမျိုးမလုပ်ကြပါဘူးတဲ့။ဒီလိုခရီးရှည်တ လျှောက်ခရီးသည်များဟာ သင်္ဘောပေါ်မှာ မိမိတို့ရဲ့ အများပိုင် ( Commons) အစဉ်အလာလေးကိုထိန်းသိမ်းနေရာကနေ မြို့တစ်မြို့ကို ဒီသဘောင်္ကပ်လိုက်တဲ့အခါ ဒီအစဉ်အလာ ပျက်စီးသွားပါလေရောတဲ့။

ရုပ်ရည်ကြမ်းတမ်းပြီးအပေါက်ဆိုးတဲ့ခရီးသည် အသစ်တစ်ဖွဲ့တက်လာတဲ့အချိန်မှာသူတို့ကလည်းဒီပက် လက်ကုလားထိုင်တွေကို သုံးချင်ကြသတဲ့။ သို့သော် သူတို့သုံးပြီးရင် သူတို့အပိုင်အဖြစ် ယူထားချင်တာမို့သူတို့ရဲ့အိပ်စင်အခန်းနားမှာပဲ ဒီပက်လက်ကုလားထိုင်တွေကိုသိမ်းထား
လိုက်ကြတော့သတဲ့။”မျက်မှောက်မြန်မာနိုင်ငံမှာလည်း ဒီလိုပက်လက်ကုလားထိုင် ( Commons) ကို အတင်းလုယူတဲ့ဖြစ်စဉ်တွေများသထက်များလာတဲ့အခါ မြန်မာနိုင်ငံသားများအနေနဲ့ ဒီသီအိုရီကို ပိုပြီ လေ့လာကြဖို့လိုပြီထင်ပါတယ်။

(၃) အများပိုင်သယံဇာတတွေကိုထိန်းသိမ်းကြခြင်း

ဒီ Commons သဘောနဲ့ အများပိုင်သယံဇာတတွေကို ထိန်းသိမ်းကြခြင်းအားဖြင့်လည်း စီးပွားရေးကိုပုံစံတစ်မျိုးနဲ့စီမံခန့်ခွဲလို့ရတယ်လို့ အဆိုသွင်းခဲ့တဲ့သူကတော့ ၂၀၀၉ စီးပွာရေးနိုဘယ်လ်ဆုရှင် အယ်လီနောအော့စ်တရွန်ပါ။ သူက ဒီသီအိုရီကိုအခြေခံတဲ့စီးပွားရေး မော်ဒယ်မျိုးကိုတစ်သက်တာလုံးလေ့လာပြီးလို့ အောင်မြင်နိုင်တာကိုလည်းတွေ့ရှိခဲ့တဲ့သူပါ။ ဒီသုတေသနတွေကြောင့်ပဲသူ့ကိုနိုဘယ်လ်ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။ ခုတော့သူလည်းဆုံးရှာပါပြီ။ ၂၀၁၂ ခုနှစ််ဇွန်လ ၁၂ ရက်နေ့မှာ အသက် ၇၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ သူချပြခဲ့တဲ့မော်ဒယ်က စိုက်ပျိုးမြေတွေ၊ငါးရှာနိုင်တဲ့မြစ်ချောင်းတွေ၊သစ်တောတွေ၊ ဒါတွေကို လူတွေကမိမိအသိစိတ်နဲ့အလွန်အကျွံမထုတ်ယူဘဲဘုံအကျိုးအတွက် အားလုံးပူးပေါင်းစီမံခန့်ခွဲခြင်းအားဖြင့် ရန်ဖြစ်တိုက်ခိုက်ကြစရာမလိုဘဲစီးပွားရေးလုပ်နိုင်တယ်လို့သူကထောက်ပြခဲ့ပါတယ်။

ငါ့ဘို့စီးပွားရေးသမားကော်ပိုရေးရှင်းကြီးတွေနဲ့သူတို့နဲ့ ပလဲပနံသင့်တဲ့ အစိုးရတွေကတော့ ဒီမော်ဒယ်ကို နှစ်ခြိုက်ကြမှာမဟုတ်ဘူး။Commons လိုပြောတဲ့အခါ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်တွေနဲ့ ရင်းနှီးသူတွေကTragedy of the Commons ဆိုတဲ့ အယူအဆကိုပြေးမြင်ကြတယ်။ Tragedy of The Commons ဆိုတာကိုနွားနှစ်ကောင်နဲ့ အပစ်ငယ်လေးတစ်ပင် ဥပမာ နဲ့ ရှင်းပြလိုပါတယ်။ ဒီဥပမာကတော့ သဘာဝသယံဇာတတွေကို သက်ရှိတွေက လုစားယက်စားနေတတ်ကြတဲ့ သဘောကိုဆောင် တယ်။

အပင်ကလေးဟာ ဒီနွားနှစ်ကောင်ကြားကဘုံပိုင် Commons ပဲ။ သို့သော် မင်းနဲ့ငါနဲ့နှစ်ကောင်မှာ ဒီအပင်လေးကိုရှင်စေချင်လို့ ငါချန်ထားလဲမင်းကစားပစ်မှာပဲလို့နွားတစ်ကောင်စီရဲ့စိတ်ထဲမှာ တွေးနေနိုင်တယ်။ဒီတော့ဦးတဲ့သူက အပင်ကလေးကိုစားပစ်လိုက်တာပဲ။ ဒီတော့ နောက်မှာ သူတို့နှစ်ကောင်ကြားပိုင်ဆိုင်မှု Commons ဆိုတာ ကြာကြမခံပဲပြုန်းတီးသွားတာပဲ။ လူတွေမှာလဲဒီသဘောကိုအများကြီးတွေ့ရတယ်။ အခွင့်ရတုန်းမှာ ငါရငါယူဆိုတဲ့ သဘောထားကြောင့် လူ့လောကမှာ နောက်ဆုံး အများပိုင်ဆိုရင်ဘာမှမခံနိုင်တဲ့သဘောကို Tragedy of the Commons လို့ညွှန်းကြတယ်။

ယခု Commoms ကတော့ဒီသဘောနဲ့ဆန့်ကျင်ဘက်ဖြစ်တယ်။Tragedy of the Commons တုန်းကလို လူတွေရဲ့ဆင်ခြင်တုံတရားနဲ့အမြော်အမြင်ကို အပျက်ဘက်ကချည်းမကြည့်ဘူး။ အသိုင်းအဝိုင်းတစ်ခုမှာ အမြော်အမြင်နဲ့ အများပိုင်ကိုထိန်းတာရှိကိုရှိနိုင်တယ်။ ဒါကပဲ ယနေ့ကမ္ဘာလောကမပျက်စီးဖို့ ကျင့်ကြံအားထုတ်နိုင်တဲ့အတွေးအခေါ်တစ်ခုဖြစ်မယ်လို့ဖော်ထုတ်လာကြတယ်။ Commons without tragedy ဆိုပါတော့။ ဥပမာအားဖြင့် ရွာဘေးချောင်းထဲကငါးကို ပြုန်းသွားအောင်အားလုံးဝိုင်းမဖမ်းကြဖို့ ရွာသားတွေက အချင်းချင်းထိန်းညှိကြတာမျိုးရှိနိုင်ကြသလို Wikipediaစွယ်စုံကျမ်းတို့လို အများလူတကာသုံးဖို့ အများ ဆိုင်အဖြစ် ထိန်းထားကြတာကရော လူတွေရဲ့အမြော်အမြင်ကြောင့်ပဲမဟုတ်လား။ လောကမှာ TragedyOf the Common လိုသဘောသက်သက်သာကြီးစိုးနေခဲ့ရင် Wikipedia  ဆိုတာပေါ်လာပါ့မလား။

(၄) အများပိုင်နဲ့ တစ်ဦးတည်းပိုင်

၁၉၅၄ မှာ ကနေဒါနိုင်ငံသားလယ်သမားတစ်ဦးဟာ သူ့အိမ်ခေါင်မိုးပေါ်တစ်ချိန်လုံးဖြတ်သန်းနေတဲ့လေယာဉ်သံတွေကို စိတ်ဆိုးပြီး သူ့လယ်ထဲကိုဖြတ်တဲ့လေကြောင်းကိုတရားစွဲပါတယ်။ ဒါပေမယ့် အဲဒီအမှုမှာသူရှုံးသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့တရားသူကြီးက ဝေဟင်ပိုင်
နက်ဟာ အများပိုင် Commons အဖြစ်ဆုံးဖြတ်ပေး လိုက်ပြီးမည်သူမဆိုသုံးစွဲခွင့်ရှိတယ်လို့အမိန့်ချလိုက်လို့ပါ။ နေရာတစ်ခုဟာ အများပိုင်ကနေ ပုဂ္ဂလိကပိုင်ဖြစ်သွားတဲ့အခါ ပိုင်ရှင်တွေဟာ စီးပွားရးကိုသာ ဇောက်ချလုပ်ကိုင်ပါတယ်။ ရပ်ကွက်ထဲက မြေကွက်လပ်တစ်ခုဟာ အများပိုင်ဖြစ်နေတုန်းက ကလေးတွေကစားခွင့်ရှိပေမယ့်ပုဂ္ဂလိကပိုင်ဖြစ်သွားတဲ့အခါ ကလေးတွေကစားလို့မရတော့သလို အဲဒီမြေကွက်ကို ကားရပ်ဖို့အတွက်ငွေကောက်ခံတဲ့အခါ ရပ်ကွက်ထဲကကားတွေက ပိုင်ရှင်ကိုပိုက်ဆံပေးကြရသလိုပါပဲ။ Commons ဆိုတာမရှိတော့မှ ပိုတန်ဖိုးကြီးလာသလိုပါပဲ။Commons ဆိုတဲ့သဘောကတော့ ငွေများငွေနိုင်ဆိုတဲ့သဘောမဟုတ်ဘူး။ လူတွေရဲ့အမြော်အမြင်ရှိမှု၊ ညီညွတ်မှုက ငွေထက်ပိုအဓီကကျတယ်။ ရပ်ရွာကလူတွေအားလုံးပါဝင်ပြီးတော့ တာရှည်ခံဖွံ့ဖြိုးရေးကို စိတ်ပါလက်ပါတည်ဆောက်ကြရင်အလုပ်ဖြစ်နိုင်
ပါတယ်။

Commons ထဲမှာ သဘာဝတရားကြီးထဲက အရာတွေ၊ လူမှုအသိုက်အဝိုင်းတွေ၊ ယဉ်ကျေးမှုတွေနဲ့ဒစ်ဂျစ်တယ်လောကကပေါပေါများများ အလကားပေးထားတာတွေပါဝင်ပါတယ်။သယံဇာတက ရပ်ရွာတစ်ခုရဲ့အခြေခံဆိုပါတော့။ ဒီသယံဇာတအပေါ်မှာလူတွေကမှီခိုနေကြတယ်။ ဒီလို မှီခိုရာမှာပဋိပက္ခမဖြစ်ကြဖို့အချင်းချင်းထိန်းကွပ်မယ့်စည်းကမ်းတွေကိုချမှတ်ကြတယ်။ ဒီလိုစည်းကမ်းမျိုး ကိုချမှတ်ရာမှာအထက်အောက်သဘောမဟုတ်ဘဲ လူတိုင်းဆန္ဒပါဝင်တဲ့ သဘောတူညီမှုမျိုးစည်းကမ်းမျိုးနဲ့ထိန်းကွပ်ကြတာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့အနယ်နယ်အရပ်ရပ်မှာ ဒီလိုထိန်းသိမ်းတဲ့အစဉ်အလာတွေရှိနေနိုင်ပါသေးတယ်။ အများစုကတော့ ပုဂ္ဂလိကပိုင်ပြုရေးခေါင်းစဉ်အောက်မှာပျက်စီးနေကြပြီ။      ။

Leave a Reply