မော်လမြိုင် ၊ မတ်လ ၃ ။ ။ မွန်ုပြည်နယ်တွင် အစိုးရဖွဲ့စည်း ပြီးသည့် နှင့် အများပြည်သူ ပေးပို့တိုင်ကြားထားသော တိုင်စာများ ကို ဖြေရှင်း သွားမည် ဖြစ်ကြောင်း မွန်ပြည်နယ် NLDအနိုင်ရအမတ်များကပြောကြားသည်။

မတ်လ ၂ရက်နေ့ မွန်ပြည်နယ် မော်လမြိုင်မြို့ မုပွန်ရက်ကွက်တွင် ပြုလုပ်သော အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ်NLDပါတီ အနိုင်ရအမတ်များနှင့် ဒေသခံများတွေ့ဆုံပွဲတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ မဲပေးသွားလို့ အနိုင်ရသွားပြီဆိုပေမယ့် အစိုးရဖွဲ့ဖို့ကျန်နေသေးတယ် ၊ဒါကြောင့် မဲဆန္ဒရှင်တွေရဲ့အခက်အခဲ ကို မကိုင်တွယ်နိုင်သေးတာဖြစ်ပါတယ် ၊ ကိုယ်စားလှယ်အားလုံးကတော့ အလုပ်လုပ်ချင်နေကြပြီဖြစ်ပေမယ့် အလောတစ်ကြီးလုပ်လို့ မရတဲ့အနေအထား တွေလည်းရှိပါတယ်”ဟု နိုင်သောင်းညွှန့်က ပြောသည်။

ပြည်သူများက ပေးပို့ထားသော တိုင်ကြားစာများနှင့် အခက်အခဲများကို မိမိတို့အနေဖြင့် အစိုးရဖွဲ့ပြီးမှသာ လုပ် ကိုင်ခွင့်ရမည်ကို ပြည်သူများသိရှိရန်လိုအပ်ပြီး စိတ်အလျင်စလို မဖြစ်စေလိုကြောင်း မော်လမြိုင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် နိုင်သောင်းညွန့် ကဆိုသည်။

“ အခုချိန်မှာ အလွှဲအပြောင်းတွေ ဘာမှမလုပ်ရသေးတဲ့အတွက်ကြောင့် လုပ်ပိုင်ခွင့်တွေအပြည့်အဝ မရရှိသေး ဘူး ၊လုပ်ပိုင်ခွင့်တွေ ရလာတဲ့အခါကျရင် ပြည်သူလူထုကို ကိုယ်စားပြုတဲ့လုပ်ငန်းတွေ ကိုလုပ်သွားမှာဖြစ် ပါတယ်” မော်လမြိုင်မြို့နယ်NLD အတွင်းရေးမှူး ဦးတင့်နိုင်က ပြောသည်။

မွန်ပြည်နယ်အတွင်း မဲဆန္ဒနယ်အသီးသီးရှိ ပြည်သူများ အနေနှင့် လွှတ်တော်ရေးရာအခြေအနေများကိုသိရှိ နားလည်စေရန် NLDလွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲများကို မကြာခဏပြုလုပ်သွားမည်ဖြစ်ကြောင်း ၄င်းကပြောသည်။

“ဒီလိုမျိုးတွေ့ဆုံတာမျိုး အရင် လွှတ်တော် သက်တမ်းက တစ်ခါမှ မလုပ်ဖူးဘူး၊ အခု လွှတ်တော်ကိုယ် စားလှယ် တွေက ဒေသခံတွေနဲ့တွေ့ ဆုံပြီး လွှတ်တော် မှာ လုပ်ဆောင်နေတဲ့ အကြောင်းတွေကို ရှင်းပြတော့ ၊ နား လည် သဘောပေါက်တာပေါ့”ဟု မုပွန်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မွန်ပြည်နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDပါတီ အနိုင်ရ အမတ်အချို့နှင့် မုပွန်မြို့နယ် ဒေသခံ ၁၀၀ ဝန်ကျင်ခန့်တက်ရောက်ခဲ့ကြာသည်။

Leave a Reply