Advertisements
ထားဝယ်မြို့ ကမ်းနားလမ်းတစ်နေရာကို ၂၀၁၈ နိုဝင်ဘာ တတိယပတ်က တွေ့ရစဉ်

 

ထားဝယ် နိုဝင်ဘာ

ထားဝယ်တန်ဆောင်တိုင်ကာလအတွင်း အများပြည်သူ အပန်းဖြေအနားယူသည့်နေရာများတွင် ထိုင်လျက် အရက်သေစာ သောက်စားသူများကို ဖမ်းဆီးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး စိန်ဝင်းက နိုဝင်ဘာ ၁၅ရက်တွင် ပြောကြားသည်။

ထားဝယ်မြို့ ကမ်းနားလမ်းတစ်နေရာကို နိုဝင်ဘာ ဒုတိယပတ်က တွေ့မြင်ရစဉ်

“အများပြည်သူ သွားလာတဲ့နေရာတွေမှာ မထီလေးစား အနှောက်အယှက် ဖြစ်မယ် ဆိုရင်တော့ ဖမ်းခိုင်းထားတယ်”ဟု ၎င်းက ဆိုသည်။

ယင်းနှင့်ပတ်သက်၍ အစည်းအဝေးတစ်ရပ်တွင် ထားဝယ်ခရိုင်ရဲတပ်ဖွဲမှူးထံ ညွှန်ကြားထားပြီးဖြစ်ကြောင်း သိရည်။

လူအများမြင်ကွင်းတွင် အရက်ထိုင်သောက်ခြင်းမှာ ပတ်ဝန်းကျင်ကို မထိခိုက်ဆိုသည့်တိုင် အမြင်ရိုင်းကြောင်း၊ အောက်တန်းကျသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နေကြခြင်းသာ ဖြစ်ကြောင်း ထားဝယ်မြို့ခံ ဦးတင်စိုးဝေက ဝေဖန်သည်။

ထားဝယ်မြို့ကမ်းနားလမ်းနှင့် လေယဉ်ကွင်းလမ်းများတွင် ညဦးပိုင်းနှင့် ညအချိန်များတွင် လူငယ်များ ဝိုင်းဖွဲ့အရက်သောက်လေ့ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ထားဝယ်လေဆိပ်ရှေ့လမ်းကို တွေ့မြင်ရစဉ်

ယင်းသို့သော အခြေအနေမျိုးကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဒေသန္တရအမိန့် ထုတ်ပြန်ပြီး မလိုက်နာပါက ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူကာ တရားစွဲရဆိုမည် ဖြစ်သော်လည်း လက်ရှိအချိန်တွင် အများပြည်သူမြင်ကွင်း အရက်ထိုင်သောက်ခြင်းကို ဒေသန္တရအမိန့် ထုတ်ပြန်ထားခြင်းမျိုး မရှိသေးပေ။

တင့်လွင်

Leave a Reply