မွန်ပြည်နယ်၊ ဘီလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာနေ အသက် ၁၅ အရွယ် အမျိုးသမီးငယ်တစ်ဦးကို ခိုးယူပေါင်းသင်းပြီး ပြည်တန်ဆာအိမ်၌ ရောင်းစားခဲ့သည့် အမျိုးသားကို အောက်တိုဘာလ ၃ ရက်နေ့က လူကုန်ကူးမှု ကာကွယ်တားဆီးရေးဥပဒေ ပုဒ်မ ၂၄/၂၆ (က)/ ၃၂အရ အမှုဖွင့်ထားကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၉) မော်လမြိုင် ထံမှ သိရသည်။

crime

အဆိုပါ အမျိုးသမီးကို ရည်းစားဖြစ်သူ ကိုကိုဝင်းက နှင်းလဲကျေးရွာ၊ ရွာဦးစေတီ၌ တွေဆုံရန် ဖုန်းဆက်ခေါ်ပြီး ခိုးယူပေါင်းမည်ဟုဆိုကာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပုလဲလမ်းဆုံ၊ ဗိုလ်ချုပ်ရပ်ကွက်ရှိ ကိုကိုဝင်းနှင့် ရင်းနှီးသည့် လင်မယားထံ ခေါ်ဆောင်ခဲ့သည်ဟု အမျိုးသမီးငယ်အား စစ်ဆေးရာမေးမြန်တွင် ထွက်ဆိုခဲ့ ကြောင်း အဆိုပါ တပ်ဖွဲ့စုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရည်းစာဖြစ်သူ ကိုကိုဝင်းသည် အမျိုးသမီးငယ်ကို အမည်မသိ လင်းမယားနေအိမ်တွင် ၃ ရက်ကြာ လင်းမယား အဖြစ် ပေါင်းသင်းခဲ့ပြီး အိမ်ရှင်လင်မယားနှင့် ကိုကိုဝင်းတို့က သက်သာသည့် အလုပ်တစ်ခုရှာပေးမည်ဟု ဆိုကာ ရန်ကုန်မြို့၊ ဘုရာနောင်ရပ်ကွက်၊ ငုဝါလမ်းရှိ နေအိမ် တစ်အိမ်သို့ ထပ်မံခေါ်ဆောင်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

ထို့နောက် အိမ်ရှင်လင်းမယားနှင့် ကိုကိုဝင်းတို့သည် အလုပ်ရှင် ဆိုသူ ကိုမျိုးထံ အလုပ်အပ်နှံခဲ့ပြီး ကျပ်ငွေ ၁၈၀ဝ၀ဝ ယူသွားကာ ကိုကိုဝင်းမှာ ယင်းနေ့မှ စပြီး သူမှထံ ရောက်လာခြင်းမရှိကြောင်း စစ်ဆေးမေးမြန်ရာတွင် ဖြေဆိုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

အဆိုပါ အမျိုးသမီးသည် အလုပ်ရှင် ကိုမျိုးနေအိမ်၌ ရှိနေစဉ် အမျိုးသမီးတစ်ဦးက ပြည်တန်ဆာအိမ်ဖြစ် ကြောင်း သမီးမှာ အသက်ငယ်နေသောကြောင့် သားအိမ်ကွဲနိုင်ကြောင်း ပြောဆိုသဖြင့် အလုပ်ရှင်ကိုမျိုးက နောက်ဘေးရှိ အနှိပ်ခန်းကို ပို့ဆောင်ခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါ နေအိမ်၌ ကိုယ်တိုင် အနှိပ်လုပ်ငန်းကို မလုပ်ကိုင်ရဘဲ အနှိပ်ခန်း သန့်ရှင်းရေးကို တစ်လ တိတိ လုပ်ဆောင်ပေးခဲ့ပြီး မိဘများရှိရာ နှင်ပုလဲကျေးရွာသို့ ပြန်လာခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ရည်းစားဖြစ်သူ ကိုကိုဝင်းသည် ဘီလင်းမြို့၊ ဘိုးလှကြီးရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး လက်ရှိတွင် ထွက်ပြေး တိမ်ရှောင်နေလျက်ရှိရာ အိမ်ရှင်လင်မယားနှစ်ဦးနှင့် ၎င်းတို့အား ဖမ်းဆီးနိုင်ရန် စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၉)မှ ရဲအရာရှိတစ်ဦးကပြောကြား သည်။

Leave a Reply