Advertisements

တရုတ်နိုင်ငံတွင် ဆရာဝန်များသည် အမျိုးသားတစ်ဦး၏ စအိုထဲမှ ခရမ်းသီးကို ထုတ်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ အမျိုးသားမှာ အလေးသွားနိုင်ရန်အတွက် စအိုထဲသို့ ခရမ်းသီးကို ထိုးထည့်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယင်းအမျိုးသားမှာ ဝမ်းချုပ်လွန်းသဖြင့် ကြံရာမရဖြစ်ကာ ဝမ်းသွားစေရန်အတွက် ခရမ်းသီးကို ထိုးထည့်လိုက်က ဝမ်းသွားစေနိုင်လိမ့်မည်ဟု ယူဆခဲ့သည်ဟု ဆိုသည်။

သို့သော် စိတ်ကူးနှင့် လက်တွေ့ တခြားစီဖြစ်သွားခဲ့သည်။ ၁၂ လက်မမျှ ရှည်လျားသော ခရမ်းသီးသည် အသက် ၅၀ အရွယ် အဆိုပါ အမျိုးသား၏ စအိုအိမ်ထဲတွင် နှစ်ရက်ကြာမျှ ဝင်နေခဲ့ပြီး ဗိုက်နာခြင်း၊ အော့အန်ခြင်းများဖြစ်ကာ နောက်ဆုံးဆေးရုံသို့ ပို့လိုက်ရတော့သည်။

ယင်းအမျိုးသားမှာ ဝမ်းချုပ်သည့် ဝေဒနာကို နှစ်ရက်မျှခံစားနေရကာ စအိုဝမှတစ်ဆင့်ခရမ်းသီးကို ထိုးထည့်လိုက်ပါက အစာဟောင်းအိမ် ပြန့်သွားကာ သူဝေဒနာကို လျော့ပါးစေလိမ့်မည်ဟု ယူဆပြီး စအိုဝမှတစ်ဆင့် ထိုးသွင်းခဲ့သည်ဟုဆိုသည်။

သို့သော် ခရမ်းသီးက အထဲသို့ဝင်သွားပြီး ဗိုက်ထဲအဆုံးဝင်သွားခဲ့သည်။ ဓာတ်မှန်ထဲတွင် ယင်း ခရမ်းသီးမှာ အူမကြီးထဲတွင် ထောင်လိုက် ဝင်နေသည်ကို တွေ့မြင်ခဲ့ရသည်။ ဆေးရုံမရောက်လာမီအထိ နှစ်ရက်ကြာမျှပင် ဗိုက်နာခြင်း၊ ခေါင်းမူးခြင်းနှင့် အော့အန်ခြင်းတို့ ခံစားခဲ့ရသည်။

ဆရာဝန်များသည် အဆိုပါ ခရမ်းသီးကို အောင်မြင်စွာပြန်ထုတ်ပေးနိုင်ခဲ့သည်။ ပြီးခဲ့သည့်လအတွင်းကလည်း အမျိုးသားတစ်ဦး၏ စအိုထဲတွင် ရေပိုက်ခေါင်း ဝင်နေသဖြင့် ဆေးရုံသို့ ရောက်လာခဲ့သည်။

အသက် ၂၆ နှစ်အရွယ် အဆိုပါ ဆေးကျောင်းသားကာ ရေချိုးခန်းထဲတွင် ချော်လဲကာ ရေပိုက်ခေါင်းက စအိုထဲဝင်သွားခြင်းဖြစ်ကြောင်း ဆရာဝန်များကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း ဓာတ်ဆီဆိုင်ရှေ့တွင် အမျိုးသားတစ်ဦးသည် သူ့စအိုထဲတွင် လိင်တံအတု ညပ်သည်ဟု ဆိုကာ ကိုယ်တုံးလုံးနှင့် လျှောက်ပြေးနေဖူးသည်။

အာဂျင်တီးနားနိုင်ငံ ဗျူနိုအဲရှစ်ရှိ ဓာတ်ဆီဆိုင်ရှေ့အတွင် အဆိုပါအမျိုးသားသည် ပေါင်ကို လက်နှင့် ပုတ်လျက် ဆရာဝန်ခေါ်ပေးရန် အကူအညီတောင်းနေသည်ကို တွေ့ရသည်။
Source: Mirror

Advertisements
<

Leave a Reply