(ဓါတ်ပုံ အညွှန်း – ယာဉ်လုပ်ငနး်များထိန်းသိမ်း ကြီးကြပ်မှုကော်မတီမှ စည်ပင်သာယာရေးအဖွဲ့ထံ အမှိုက်သိမ်းယာဉ် ပေးအပ်လှူးဒါန်းသည့် အခမ်းအနားကို စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင် တက်ရောက်ခဲ့စဉ်)

မွန်ပြည်နယ်၊ မော်လမြိုင်တွင် အမှိုက်တန်ချိန် ၈၀ ကျော်ထွက်ရှိနေသော်လည်း စည်ပင်သာယာရေးအနေဖြင့် ၅၀ ရာခိုင်နှုန်းကျော်သာ ဆောင်ရွက်ပေးနိုင်သေးသဖြင့် အမှိုက်သိမ်းစည်းမျဉ်းအရ အမှိုက်သိမ်းလုပ်ငန်းသည် စည်ပင်သာယာရေးအဖွဲ့ အတွက် ဝန်ထုပ်ဝန်ပိုးတစ်ရပ် ဖြစ်နေရသည်မှာ အားလုံးအမြင်ဖြစ်ကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ တိုးတိုးအောင်က ပြောသည်။

မွန်ပြည်နယ်ယာဉ်လုပ်ငန်း ထိန်းသိမ်းကြီးကြပ်မှုကော်မတီမှ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့သိို့ အမှိုက်သိမ်းယာဉ် တစ်စီး ပေးအပ်လှူဒါန်းသည့် ဇန်နဝါရီ ၁၅ ရက်တွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

(ဓါတ်ပုံ အညွှန်း – ယာဉ်လုပ်ငနး်များထိန်းသိမ်း ကြီးကြပ်မှုကော်မတီမှ စည်ပင်သာယာရေးအဖွဲ့ထံ အမှိုက်သိမ်းယာဉ် ပေးအပ်လှူးဒါန်းသည့် အခမ်းအနားကို စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင် တက်ရောက်ခဲ့စဉ်)
(ဓါတ်ပုံ အညွှန်း – ယာဉ်လုပ်ငနး်များထိန်းသိမ်း ကြီးကြပ်မှုကော်မတီမှ စည်ပင်သာယာရေးအဖွဲ့ထံ အမှိုက်သိမ်းယာဉ် ပေးအပ်လှူးဒါန်းသည့် အခမ်းအနားကို စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင် တက်ရောက်ခဲ့စဉ်)
“အမှိုက်တွေကို အိမ်ထောင်စုတွေက မိမိနည်း မိမိဟန်နှင့် ဖြေရှင်းနေရတယ်၊ တချို့လည်း စည်းကမ်းနဲ့ မညီ ညွတ်တဲ့ အမှိုက်ပစ်ခြင်းကို ဆောင်ရွက်နေကြတယ်”ဟု ၎င်းက ဆိုသည်။

မော်လမြိုင်မြို့တွင် အမှိုက်သိမ်းကား ရှစ်စီးဖြင့် အမှိုက်သိမ်းလျက်ရှိပြီး၊ အမှိုက်သိမ်းကား ၁၄ စီးဖြင့် အမှိုက် သိမ်းပါက ထွက်ရှိသည့် အမှိုက်တန်ချိန် ၈၀ ကျော်ကို သိမ်းယူနိုင်မည်ဖြစ်ကြောင်း၊ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မင်းက ပြောသည်။

စည်ပင်သာယာရေးအဖွဲ့က ရရှိသည့် ဝင်ငွေထက်ပိုသော ရန်ပုံငွေသုံးကာ ဝန်ဆောင်မှုပေးရပြီး ၎င်းတို့ အနေဖြင့် ဝန်ဆောင်မှုပေးသည့် နေရာတွင် လိုအပ်ချက်များ ရှိနေသေးကြောင်း ဒေါက်တာ တိုးတိုးအောင်က ပြောဆိုသည်။

မော်လမြိုင်အမှိုက်သိမ်းစနစ်သည် ခေါင်းလောင်းတီးအမှိုက်သိမ်းစနစ် တစ်ခုဖြစ်ပြီး၊ ပြည်သူတွေအနေဖြင့် အမှိုက်ပစ်ရသည့် နေရာကို မသိရသည့်အတွက် အခက်အခဲများရှိနေကြောင်း၊ အမှိုက်သိမ်းသည့်စနစ် ကောင်းလာရန် ပြည်သူများပါဝင်သည့် အမှိုက်သိမ်း ကန်ထရိုက်များ ထားသင့်သည်ဟု MON State CSO Network အရပ်ဖက်အဖွဲ့အစည်းမှ ဦးမောင်မောင်ဇော်ထွန်းက သုံးသပ် ပြောဆိုသည်။

Leave a Reply