မော်လမြိုင် ၊ဖေဖော်ဝါရီ ၂၂ ။ ။ မြန်မာနိုင်ငံတွင် လာမည့်််နွေရာသီ၌တွေ့ကြုံကြရမည့် အယ်နီညို ရာသီဥတုပူပြင်းမှုကြောင့် ရေထွက်ကုန် လုပ်ငန်းများကိုထိခိုက်လာနိုင်သဖြင့် မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်မှ အပူဒဏ်ကာကွယ်ရန်နှိုးဆော်စာများ ထုတ်ပြန်ထားသော်လည်း မွန်ပြည်နယ်တွင် ငါး၊ပုစွန် ထုတ်လုပ်မှုလျော့နည်းသွားမည်မဟုတ်ကြောင်း မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးကျော်ထွန်းညိုက ဟင်္သာမီဒီယာသို့ပြောကြားသည်။

“အယ်နီညိုအတွက်အထူးစိုးရိမ်ရတာက အပူပိုင်းဒေသတွေဖြစ်ပြီး ကမ်းရိုးတန်းဒေသက ငါးလုပ် ငန်းတွေအတွက် စိတ်ပူစရာသိပ်မရှိပါဘူး ၊ မွန်ပြည်နယ်မှာမြစ်ချောင်းအင်းအိုင်ပေါများတဲ့အတွက် ငါး လုပ်ငန်းတွေက အယ်နီညိုကြောင့် ထိခိုက်မှုသိပ်ရှိမှာမဟုတ််ပါဘူး” ဟု ဦးကျော်ထွန်းညိုက ဆိုသည်။

ပြည်နယ်အတွင်း ငါးမွေးကန်နည်းပါးသဖြင့် မြစ်ချောင်း၊ပင်လယ်များ မှငါးထုတ်လုပ်ရရှိမှုကိုပိုမိုအားထားနေရပြီး ဧရာဝတီ၊နှင့် ရန်ကုန်မှ ငါးများတင်သွင်းခြင်းဖြင့်လိုအပ်သည့် အစားအသောက်ကဏ္ဍများကို ဖြည့်စည်း နေကြောင်း ဦးကျော်ထွန်းညိုက ပြောသည်။

မြန်မာနိုင်ငံတွင် နှစ် (၁ဝဝ)ခန့်အတွင်း ယခုနှစ်သည် အယ်နီညိုရာသီဥတု အပြင်းထန်ဆုံး ဖြစ်စဉ်ကို ကြံုတွေ့ နေရပါသည်၊အပူဒဏ်လွန်ကဲမှုကြောင့် ရေခမ်းခြောက်မည့် အန္တရာယ်ကြံုတွေ့နိုင်သဖြင့် ငါး၊ပုစွန် လုပ်ငန်းရှင် များအနေဖြင့် ကြိုတင်ကာကွယ်မှုများပြုလုပ်ရန်လိုအပ် ကြောင်း ဟု မိုးလေဝသပညာရှင် ဦးထွန်း လွင်က ပြောကြားထားသည်

” ဒီနှစ်က အရင်နှစ်တွေထက်တောင် ငါးရရှိမှုပိုမိုများတယ်၊အယ်နီညိုရာသီဥတုရောက်လို့ ငါးရနည်းသွား ရင်လည်း စျေးနှုန်းအနည်းငယ်မြင့်တက်တဲ့ အခက်အခဲလောက်ပဲရှိမှာပါ၊” ဟု သံလွင်စျေးငါးဒိုင်တွင်လုပ်ကိုင် သည့် ကိုမျိုးဝင်းကပြောသည်။

မွန်ပြည်နယ်တွင် ငါးလုပ်ငန်းအတွက် အအေးခန်း စက်ရုံ (၇)ရုံရှိပြီး ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်အရ အခြားပြည် နယ်များမှ တစ်ဆင့် နိုင်ငံခြားသို့ ငါးတန်ချိန်စုစုပေါင်း ၅ဝ၇၁ တန်ခန့်တင်ပို့ရောင်းချခဲ့ရာ
ပြည်ပဝင်ငွေ အမေရိကန်ဒေါ်လာ သိန်းပေါင်း၁၂၇ သိန်းကျော်ရရှိခဲ့ကြောင်းမွန်ပြည်နယ် ငါးလုပ်ငန်း
ဦးစီးဌာနမှ သိရသည်။

Leave a Reply