Advertisements

မော်လမြိုင်၊ မတ် ၇

ရေးမြို့နယ်၊ အစင်ကျေးရွာတွင် မတ် ၆ ရက် ည ၇ နာရီခန့်က အရက်မူးနေသည့် ၅၅ နှစ်အရွယ်အမျိုးသားတစ်ဦးမှာ ၎င်းတို့နေထိုင်ရာအိမ်ကို မီးရှို့မှု ဖြစ်ပွားခဲ့ကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။

“အဖိုးဖြစ်သူ အရက်မူးပြီး ဂက်(စ် ) မီးခြစ်နဲ့ နေအိမ်ကို မီးရှို့လိုက်တယ်လို့ တစ်အိမ်တည်းအတူနေတဲ့ မြေးဖြစ်သူက ရပ်ကွက်လူကြီးဆီကို အကြောင်းလာကြားလို့ သွားစစ်ဆေးတဲ့အချိန်မှာတော့ ၈ ပေ၊ ၇ ပေရှိတဲ့ နေအိမ်ဝါးတဲတစ်လုံးနဲ့ နေအိမ်မှာရှိတဲ့ပစ္စည်းတွေ ခန့်မှန်းတန်ဖိုးငွေ ၅၀၀,၀၀၀ ကျပ်ဖိုးလောက် မီးလောင်ကျွမ်းခဲ့တာ စစ်ဆေးတွေ့ရှိခဲ့ရတယ်” ဟု ရေးရဲစခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ်အောင်နိုင်က ပြောသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦးလှဝင်းကို အရေးယူပေးရန် ယင်းကျေးရွာ နယ်မြေ ၁၄ မှ ရာအိမ်မှူး ဦးစိုးဝင်းမှ လာရောက်တိုင်ကြားသဖြင့် ရေးမြို့မရဲစခန်းမှ (ပ) ၆၅ / ၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၃၆ အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက်ရှိကြောင်း ဒုရဲအုပ်အောင်နိုင်က ဆိုသည်။

written by ခေတ်မင်း

Advertisements
<

Leave a Reply